Connect with us

North America

အမေရိကန်က အရှေ့အလယ်ပိုင်းတွင် တပ်ဖွဲ့ဝင် ၁,ဝဝဝ တိုးမြှင့် တပ်ချထားမည်ဟုဆို

အရှေ့ အလယ်ပိုင်းဒေသတွင် တာဝန်ထမ်းဆောင်နေသော အမေရိကန်တပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် အီရန်နိုင်ငံနှင့်တင်းမားမှုဖြစ်ပေါ်နေစဉ်အတွင်းမှာပင် အရှေ့အလယ်ပိုင်းဒေသ၌ တပ်ဖွဲ့ဝင် ၁,ဝဝဝ ထပ်မံ၍ တိုးမြှင့်တပ်ချထားမည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ယာယီဝန်ကြီး Shanahan က ဇွန် ၁၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

“ အရှေ့အလယ်ပိုင်းဒေသမှာ မြေပြင်ခြိမ်းခြောက်မှုတွေရယ် ၊ ဝေဟင် ၊ ရေပြင် ကို ကာကွယ်ဖို့ရယ် စတဲ့ ရည်ရွယ်ချက်တွေနဲ့ နောက်ထပ် တပ်ဖွဲ့ဝင် ခန့်မှန်းခြေ ၁,ဝဝဝ လောက် ထပ်မံချထားဖို့ ကျွန်တော်အမိန့်ပေးခဲ့ပါတယ်” ဟု Shanahan ၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

အဆိုပါ တပ်ချထားမှုဆိုင်ရာ နောက်ဆုံးလုပ်ဆောင်ချက်နှင့်ပတ်သက်၍ အမေရိကန်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(CENTCOM) ၏ တောင်းခံချက်အရ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ယာယီကာကွယ်ရေးဝန်ကြီးက အသိပေးပြောကြားခဲ့ပြီး အမေရိကန်သမ္မတအိမ်ဖြူတော်၏ ဆွေးနွေးချက်အပါအဝင် ပူးတွဲစစ်ဦးစီးချုပ်ရုံးဥက္ကဋ္ဌ၏ အကြံပြုချက်များနှင့်အတူ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

အိုမန်ပင်လယ်ကွေ့၌ လောင်စာဆီတင်သင်္ဘောနှစ်စင်း တိုက်ခိုက်ခံရပြီးနောက် တပ်ချထားမှုအစီအစဉ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ ထရမ့်အစိုးရက အီရန်၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲထားပြီး စွပ်စွဲချက်အပေါ် အီရန်နိုင်ငံက ငြင်းဆိုထားသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ပင်တဂွန်စစ်ဌာနချုပ်အနေဖြင့် ပြီးခဲ့သောလက အရှေ့အလယ်ပိုင်းဒေသသို့ ပက်ထရီးယော့လေကြောင်းရန်ကာကွယ်ရေးစနစ်များ ၊ မောင်းသူမဲ့ဒရုန်းများ နှင့် ဂျက်တိုက်လေယာဉ်များ နှင့်အတူ တပ်ဖွဲ့ဝင် ၁,၅ဝဝ စေလွှတ်ရန် ဆုံးဖြတ်ခဲ့သည်။ ယင်းအစီအစဉ်အား “ အန္တရာယ်ရှိသော အီရန် ခြိမ်းခြောက်မှုကို ပါးနပ်စွာ တုံ့ပြန်ခြင်း” ဟူ၍ Shanahan က ဆိုသည်။

အရှေ့အလယ်ပိုင်းဒေသ၌ အမေရိကန်က စစ်ဘက်ဆိုင်ရာ တည်ဆောက်မှုများလုပ်ဆောင်ခဲ့ရာ ပြီးခဲ့သော ရက်သတ္တပတ်များတွင် ဒေသတွင်းတင်းမာမှုများဖြစ်ပေါ်ခဲ့ပြီး အမေရိကန် နှင့် အီရန် နှစ်နိုင်ငံအကြား စစ်ပွဲတစ်ခုဆီသို့ဦးတည်လာနေခဲ့သည်။

အီရန်နိုင်ငံကမူ အမေရိကန်၏ ဗိုလ်ကျစိုးမိုးရေးဝါဒကို တွန်းလှန်သွားရန် သန္နိဌာန်ချထားကြောင်း ဆိုသည်။

မတော်တဆထိတွေ့မှု နှင့် မှားယွင်းတွက်ချက်မှုများကြောင့် အမေရိကန် နှင့် အီရန် အကြား စစ်မက်ပဋိပက္ခများဆီသို့ဦးတည်သွားမည်ကို နိုင်ငံရေးအကဲခတ်များစွာက စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။(Xinhua)