Connect with us

North America

အမေရိကန်နိုင်ငံ ကန်းဆက်ပြည်နယ်တွင် မီးရှို့ခံရမှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံး၊ ရဲအရာရှိ သုံးဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ ကန်းဆက်ပြည်နယ်၌ တာဝန်ထမ်းဆောင်နေသော ရဲတစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကန်းဆက်ပြည်နယ်၌ စက်တင်ဘာလ ၃၀ ရက်တွင် အမျိုးသား တစ်ဦးက အမျိုးသမီး တစ်ဦးအား မီးရှို့ခဲ့ရာ အဆိုပါ အမျိုးသမီး သေဆုံးသွားခဲ့ပြီး ရဲအရာရှိ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ မီဒီယာက သတင်းတင်ပြထားသည်။

စက်တင်ဘာလ ၃၀ ရက် နံနက်အစောပိုင်းတွင် Baxter Springs မြို့ရှိ အသက် ၆၅ နှစ်အရွယ် ရှရွန်ဟောန် (Sharon Horn) ၏ နေအိမ်သို့ အမျိုးသား တစ်ဦး ဝင်ရောက်လာကာ ၎င်းအား စတင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ယင်း အမျိုးသားသည် ဟောန်နှင့် အခင်းဖြစ်ရာနေရာသို့ ရောက်ရှိလာသည့် ရဲအရာရှိ နှစ်ဦးအား ဓာတ်ဆီဖြင့် ပက်ကာ မီးရှို့ခဲ့သည်။ ဟောန်က ဆေးရုံရောက်ပြီးနောက် သေဆုံးသွားခဲ့ပြီး ရဲအရာရှိ နှစ်ဦးမှာ ဒဏ်ရာများ ရရှိခဲ့သည်။ အခြား တတိယမြောက် ရဲတစ်ဦးမှာ မီးငြှိမ်းသတ်ရန်ကြိုးစားစဉ် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ဒေသခံ ရဲတပ်ဖွဲ့၏ အဆိုအရ ယင်း သံသယရှိ အမျိုးသားသည် ဟောန်အား သိသူဖြစ်ကြောင်းနှင့် အခြား အသေးစိတ် အချက်အလက်များအား စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)