ပေကျင်း၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် နိုင်ငံတောင်ပိုင်းဒေသများ၌ မိုးသည်းထန်စွာရွာသွန်းမှုဒဏ်ခံခဲ့ရသဖြင့် သဘာဝဘေးအန္တရာယ် ဗဟိုရန်ပုံငွေမှ ယွမ် သန်း ၂၀၀ (အမေရိကန်ဒေါ်လာ ၂၉.၉၂ သန်းခန့်) ကို ဇွန် ၂၁ ရက်က ခွဲဝေသတ်မှတ်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအနေဖြင့် လူ့အခွင့်အရေးအား ကာကွယ်ပေးသော မည်သည့်အစိုးရမဆို လုပ်သင့်လုပ်ထိုက်သည့်အတိုင်း သေနတ်ပစ်ခတ်အကြမ်းဖက်မှုမှ ၎င်းတို့၏ ပြည်သူများအား ကာကွယ်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဇွန် ၂၁ ရက်တွင် ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံ Paktika ပြည်နယ်တွင် ဇွန် ၂၂ ရက် အစောပိုင်းက ငလျင်လှုပ်ခတ်ပြီးနောက် လူပေါင်း ၂၈၀ ထက်မနည်းသေဆုံးပြီး ၅၉၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် Bakhtar သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။
ရန်ကုန်၊ဇွန် ၂၂ ရက် (ဆင်ဟွာ) ၂၀၂၂ခုနှစ် မေ၂၀ ရက်မှ ဇွန်လ၂၀ ရက်အတွင်းTourist Visa ဖြင့် လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည် ၇၀၀ ဝန်းကျင်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဦးက ဆင်ဟွာသို့ ယနေ့ ဇွန် ၂၃ ရက်တွင် ပြောသည်။
အစ္စလာမ်မာဘတ်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အဆိုပြုထားသော ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) အောက်တွင် ရာသီဥတုပြောင်းလဲခြင်း၊ ကပ်ရောဂါနှင့် စားနပ်ရိက္ခာဖူလုံမှုမရှိခြင်း အပါအဝင် မြောက်များစွာသော စိန်ခေါ်မှုများကို တိုက်ဖျက်ရန် ပူးပေါင်းဆောင်ရွက်မှုနှင့် ကွန်ရက်ချိတ်ဆက်ခြင်းများ ပိုမိုကျယ်ပြန့်လာရေးအတွက် နိုင်ငံစုံမှ ကျွမ်းကျင်ပညာရှင်များက တိုက်တွန်းပြောကြားခဲ့သည်။