ရှန်ဟိုင်း ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ရေနံဓာတုစက်ရုံလုပ်ငန်းတစ်ခုသည် စနေနေ့နံနက်အစောပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးသွားခဲ့ကြောင်း ယင်း ကုမ္ပဏီက ဆိုသည်။
ပေကျင်း ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) ကျင်းပပြုလုပ်မည့် BRICS စီးပွားရေးဖိုရမ်က တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု မျှော်လင့်ချက်များတွင် နိုင်ငံတကာ စီးပွားရေးအသိုက်အဝန်း၏ ခိုင်မာသောယုံကြည်ချက်အား ဖော်ပြနေပြီး နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် ဆန္ဒရှိကြောင်း တာဝန်ရှိသူတစ်ဦးက ဇွန် ၁၇ ရက်တွင် ပြောကြားခဲ့သည်။
စိန့်ပီတာဘာ့ခ်၊ ရုရှား၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ကမ္ဘာ့တစ်ဦးတစ်ယောက်တည်း လွှမ်းမိုးမှုခေတ် ကုန်သွားပြီ ပြီဖြစ်ကာ အင်အားကြီးဗဟိုပြုမှုအသစ်များ ဖွဲ့စည်းပြီး တစ်နေ့တခြားပို၍ လူသိများလာစေရန် ၎င်းတို့ကိုယ်တိုင် လုပ်ဆောင်နေကြောင်း စိန့်ပီတာဘာ့ခ် နိုင်ငံတကာစီးပွားရေးဖိုရမ်တွင် ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က ပြောကြားခဲ့သည်။ (Xinhua) ……………………………… English version Unipolar...
နယူးဒေလီ ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ်နှစ်ခုဖြစ်သည့် အာသံပြည်နယ် နှင့် မက်ဟာလာယပြည်နယ် (Meghalaya)များတွင် ရေကြီးရေလျှံမှုများကြောင့် ပြီးခဲ့သော နှစ်ရက်အတွင်း လူပေါင်း ၃၂ ဦးသေဆုံးခဲ့ရကြောင်း တာဝန်ရှိသူများက ဇွန် ၁၈ ရက်တွင် ပြောကြားခဲ့သည်။
အယ်လ်ဂျီးယားစ် ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) Baraki အားကစားကွင်းသည် ဖီဖာ(FIFA) ကမ္ဘာ့ဖလားပြိုင်ပွဲအပါအဝင် အမျိုးမျိုးသော အားကစားပြိုင်ပွဲများလက်ခံကျင်းပရန် ဖီဖာကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ စံချိန်စံညွှန်အားလုံးနှင့် ကိုက်ညီမှုရှိသည့် အယ်လ်ဂျီးရီးယားနိုင်ငံ၏ ပထမဆုံးကစားကွင်းကြီးဖြစ်ကြောင်း ယင်းအားကစားကွင်းကို တည်ဆောက်ပေးခဲ့သည့် China Railway Construction Engineering Group တရုတ်ကုမ္ပဏီ၏ ပြောကြားချက် အရ...