ဂျနီဗာ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) ရှင်းကျန်း၊ ဟောင်ကောင်နှင့်တိဘက်အရေးကိစ္စများသည် တရုတ်နိုင်ငံ ၏ ပြည်တွင်းရေးသာဖြစ်ပြီး ထိုအရေးကိုဝင်ရောက်စွက်ဖက်မှုသည် လူ့အခွင့်အရေးကိုဆန့်ကျင်ရာရောက်ကာ စံနှုန်းနှစ်ဖက်မူဝါဒသဘောဖြစ်သည့်အပြင် လူ့အခွင့်အရေးခေါင်းစဉ် ဖြင့် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကိုကြားဝင်နှောင့်ယှက်ခြင်းသာဖြစ်ကြောင်း နိုင်ငံများစွာပါဝင်သည့်အဖွဲ့က ဇွန်လ ၁၄ ရက်တွင်ထုတ်ပြန်ခဲ့သည်။ အကြိမ် (၅၀) မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ တွင်ဒေသတွင်း...
အစ္စတန်ဘူလ်၊ ဇွန် ၁၅ ရက်(ဆင်ဟွာ) တူရကီနိုင်ငံသည် မြင့်မားနေသည့်ငွေကြေးဖောင်းပွမှုဝန်ထုတ်ကိုဖယ်ရှားပြီး ၎င်း၏ ပြဿနာများကို လာမည့်နှစ်တွင် ဖြေရှင်းနိုင်တော့မည်ဟု တူရကီနိုင်ငံသမ္မတ Recep Tayyip Erdogan က ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်တွင်ပြောကြားခဲ့သည်။ “၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလနဲ့မတ်လလောက်မှာ မိမိတို့အတွက်ဝန်ထုတ်ဝန်ပိုးဖြစ်နေတဲ့ ငွေကြေးဖောင်းပွမှုတွေကိုဖြေလျော့နိုင်မှာဖြစ်ပြီး အဲဒီပြဿနာတွေကိုအတိုင်းအတာကြီးကြီးမားမား ဖယ်ရှားသွားနိုင်မှာပါ” တူရကီနိုင်ငံ...
ကျုံးရှန်၊ ဇွန် ၁၅ ရက်(ဆင်ဟွာ) ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်သည် တရုတ်နိုင်ငံ၏ ၆ ကြိမ်မြောက် ကိုယ်တွင်းအင်္ဂါ လှူဒါန်းရေးနေ့ဖြစ်သည်။ ယခု video မှာ တရုတ်နိုင်ငံ၏ ကိုယ်အင်္ဂါလှူဒါန်းရေးအစီအစဉ်ဖော်ဆောင်သည့် ကနဦး မြို့များထဲတွင်တစ်မြို့ဖြစ်သည့် ကျုံးရှန်မြို့ တွင်နေထိုင်သည့် အမေရိကန်နိုင်ငံသားကျွမ်းကျင်ပညာရှင်တစ်ဦးက ကိုယ်တွင်းအင်္ဂါလှူဒါန်းမှုများနှင့်ဆက်စပ်ပြီးမေးမြန်းတင်ဆက်ထားသည့်ရုပ်သံဖိုင်ဖြစ်ပါသည်။ (Xinhua) ………………………....
ပေကျင်း၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) ဗြိတိန်အစိုးရအနေဖြင့် မောက်မာမှုများကိုရပ်တန့်ရန်နှင့် လူ့အခွင့်အရေးဗန်းပြမှုများကိုရပ်တန့်ရန်လိုအပ်ပြီး ပြည်တွင်းပြည်ပ ဝေဖန်မှုများအပေါ် ထိရောက်သည့် အရေးယူဆောင်ရွက်မှုများကိုကိုင်တွယ်ဖြေရှင်းသင့်နေပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဇွန်လ ၁၄ ရက်တွင်ပြောကြားခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝန်ပင်း က “ ဗြိတိန်ကိုတရားမဝင်ခိုလှုံဖို့ ဝင်ရောက်လာသူတွေကို ရဝမ်ဒါနိုင်ငံသို့ ပို့ဆောင်မယ့်ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့...
ကူမင်း ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ခရီးသွားအများအပြားအား ဆွဲဆောင်သည့်နေရာတစ်ခုဖြစ်သည့် ယူနန်ပြည်နယ်က သုံးစွဲမှုမြှင့်တင်ရေးကြိုးပမ်းအားထုတ်မှုအနေဖြင့် ဇွန် ၁၈ ရက်မှစတင်ကာ တစ်လကြာ ဈေးပွဲတော်ကျင်းပသွားမည် ဖြစ်ကြောင်း ပြည်နယ်စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဌာနက ဇွန် ၁၅ ရက်တွင် ပြောကြားခဲ့သည်။ ယူနန်ပြည်နယ်ရှိ ဒေသဆိုင်ရာ အစိုးရအဖွဲ့များ...