ကုလသမဂ္ဂ၊ မတ် ၁၄ ရက် (ဆင်ဟွာ) အာဖရိကတိုက် တောင်ပိုင်းတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မိုးရွာသွန်းမှုကြောင့် မော်လဝီနိုင်ငံ(Malawi)နှင့် မိုဇမ်ဘစ်နိုင်ငံများတွင် လူ ၆၀သေဆုံးပြီး လူပေါင်း ၈၄၃,၀၀၀ဦးနီးပါး ထိခိုက်ခဲ့ကြောင်း ကုလသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မတ် ၁၃ ရက်က ပြောကြားခဲ့သည်။
ကာရာကစ်၊ မတ် ၁၄ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ အရှေ့ပိုင်း Anzoategul ပြည်နယ် ရှိ နိုင်ငံပိုင် ရေနံကုမ္ပဏီ PDVSA မှ ပိုင်ဆိုင်သော အဆောက်အအုံတစ်ခုတွင် မတ် ၁၃ရက်က တင်နာ (Thinner) ဓါတုအရည်များ သိုလှောင်ထားသော ကန်၂ကန်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ မတ်လ ၁၄ ရက်(ဆင်ဟွာ) မြန်မာ့ ကျောက်စိမ်း၊ ကျောက်မျက် အချောထည်နှင့် လက်ဝတ်ရတနာများအား အရည်အသွေးမြှင့် ဒီဇိုင်း လက်ရာများဖြင့် ပြည်တွင်း ပြည်ပ ဈေးကွက်များသို့ထိုးဖောက်ဝင်ရောက်နိုင်ရေး အပါအဝင် ရည်ရွယ်ချက် ငါးမျိုးဖြင့်် ပြုလုပ်သော ဒုတိယ အကြိမ်မြောက် အာရှဒေသတွင်း ကျောက်စိမ်း ထိပ်သီး ဆွေးနွေးပွဲကို နေပြည်တော်...
ဆော်ပေါ်လို၊ မတ် ၁၄ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ဆော်ပေါ်လို၌ မတ်လ ၁၂ ရက်က စာသင်ကျောင်းတစ်ကျောင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၀ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၁၄ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၏ အနောက်တောင်ဘက် (၁၁) မိုင်ခန့််အကွာတွင် အနက် (၄၉)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသည့် လှုပ်ရှားခဲ့ ခြင်း နှင့် ပတ်သက်၍ ပျက်စီးဆုံးရှုံးမှုမရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၊...