Connect with us

China

ဂျာမနီ၏ အရေးကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်အဖြစ် တရုတ်နိုင်ငံ ၆ နှစ်ဆက်တိုက် ဆက်လက်တည်ရှိမည်ဟု မျှော်လင့်ကြောင်း ဂျာမနီအရာရှိ ပြောကြား

တရုတ်နိုင်ငံ ရှီးအန်းမြို့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းမှ ဂျာမနီနိုင်ငံ မန်ဟိန်းမြို့သို့ သွားရန် ပြင်ဆင်နေသော တရုတ်-ဥရောပ ရထားကြီးအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ညပိုင်းက တွေ့ရစဉ်(ဆင်ဟွာ)

ဘာလင်၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ)

၂၀၂၁ ခုနှစ် ၁၁ လကြာကာလတွင် တရုတ်-ဂျာမနီ၏ ကုန်သွယ်ရေးပမာဏ စုစုပေါင်းသည် ၂၀၂၀ ပြည့်နှစ် တစ်နှစ်လုံးပမာဏထက် ကျော်လွန်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံသည် ဂျာမနီ၏အရေးကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်အဖြစ် ၆ နှစ်ကြာ ဆက်တိုက်တည်ရှိမည်ဟု မျှော်လင့်ရကြောင်း ဂျာမနီ ဖက်ဒရယ် စာရင်းအင်းဌာန၏ ဇန်နဝါရီ ၃၁ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများ၏ ဖော်ပြချက်များအရ သိရသည်။

ဂျာမနီ ဖက်ဒရယ် စာရင်းအင်းဌာနက ယင်းနေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာ ၂၄ ကြိမ်မြောက် ဆောင်းရာသီအိုလံပစ်ပွဲ ပေကျင်းတွင် ကျင်းပတော့မည်ဖြစ်ပြီး ၎င်းမှာ ဂျာမနီအတွက်ဆိုရလျှင် ကုန်သွယ်ရေးမိတ်ဖက်ဖြစ်သည့် တရုတ်နိုင်ငံ၏ အရေးကြီးမှုအား ထပ်မံမြင့်တက်စေနိုင်ကြောင်း ဖော်ပြထားသည်။

ဂျာမနီ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဌာန အရာရှိ Jurgen Friedrichက တရုတ်နိုင်ငံသည် ဂျာမနီ၏အရေးကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်အဖြစ် ၆ နှစ်ကြာ ဆက်တိုက်တည်ရှိမည်ဟု မျှော်လင့်ရကြောင်း၊ ၂၀၂၁ ခုနှစ် ဂျာမနီ-တရုတ် ကုန်သွယ်ရေးစုစုပေါင်းပမာဏသည် စံချိန်သစ်တင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ကမ္ဘာတွင် အရေးပါသည့် တိုးတက်မှုရှိသော ဈေးကွက်များအနက် တစ်ခုဖြစ်သလို ကိုဗစ်ကပ်ရောဂါကာကွယ်ရေး၊ ဥတုရာသီပြောင်းလဲမှုစသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် အရေးကြီးသည့် မိတ်ဖက်ဖြစ်ကြောင်း ဆိုသည်။ (Xinhua)

………………………………………
(Chinese Version)
(经济)德官员:中国有望连续第六年成为德国最重要贸易伙伴
2022-02-01 09:38:29
新华社柏林1月31日电(记者朱晟 张雨花)德国联邦统计局1月31日发布的数据显示,2021年前11个月中国与德国贸易总额已超过2020年全年水平,中国有望连续第六年成为德国最重要贸易伙伴。
德国联邦统计局当天在一份声明中表示,第24届冬季奥林匹克运动会即将在北京举行,对于德国来说,中国作为贸易伙伴的重要性再次提升。
德国联邦外贸与投资署总经理于尔根•弗里德里希在接受记者书面采访时表示,中国有望连续第六年成为德国最重要贸易伙伴,2021年德中贸易总额将创造新纪录。中国是全球重要的增长市场之一,也是应对新冠疫情、气候变化等全球性挑战的重要伙伴。(完)
图说1:2021年12月31日晚,中欧班列长安号在西安国际港站准备出发开往德国曼海姆。 新华社记者 李一博 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.