Connect with us

Europe

ရုရှား လုံခြုံရေးအာမခံမှုဆိုင်ရာကိစ္စရပ်များအတွက် ရုရှား-ပြင်သစ် နှစ်နိုင်ငံ သမ္မတ ဖုန်းဖြင့် ထပ်မံဆွေးနွေး

ရုရှား သမ္မတ ပူတင်အား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက် နှစ်စဉ် ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

ရုရှား သမ္မတ ပူတင်သည် ပြင်သစ်သမ္မတ မိုက်ခရွန်နှင့် ဇန်နဝါရီ ၃၁ ရက်က ဖုန်းဖြင့် ထပ်မံဆက်သွယ်ကာ ရုရှားလုံခြုံရေးအာမခံမှု၊ ယူကရိန်းအခြေအနေစသည့် ကိစ္စရပ်များတွင် အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။

ရုရှားသမ္မတဝဘ်က်ဆိုက်၏ သတင်းများအရ ယူကရိန်းအခြေအနေ၊ အနောက်နိုင်ငံများမှ ရုရှားအားပေးမည့် ဥပဒေကန့်သတ်မှုရှိသော ရေရှည်လုံခြုံရေးအာမခံချက်စသည့် အရေးကိစ္စများတွင် ရုရှား၏ အခြေခံမူရပ်တည်ချက်များကို ပူတင်က ထပ်မံအသေးစိတ် ပြောကြားခဲ့ကြောင်း သိရသည်။ နှစ်ဖက်စလုံးက ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုဆက်လက်ထားရှိရန်နှင့် အော့ဖ်လိုင်း လူတွေ့ဆွေးနွေးမည့် ဖြစ်နိုင်ခြေများကို လေ့လာဖို့ သဘောတူခဲ့ကြကြောင်း သိရသည်။

ဇန်နဝါရီ ၂၈ ရက်က ပူတင်နှင့်မိုက်ခရွန်၏ ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှုတွင်လည်း ရုရှားလုံခြုံရေးအာမခံချက်၊ ယူကရိန်းအခြေအနေစသည့် ကိစ္စရပ်များအပေါ် အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြသည်။

ရုရှား-ယူကရိန်းဆက်ဆံရေးသည် ယခုကာလများတွင် တစ်ဟုန်တိုး ဆိုးဝါးလာရာ နှစ်ဖက်စလုံးက နယ်စပ်ဒေသအသီးသီးတွင် စစ်အင်အား အများအပြားချထားလျက်ရှိသည်။ အမေရိကန်နှင့် နေတိုးအဖွဲ့က ရုရှားစစ်အင်အားအလုံးအရင်းချထားခြင်းမှာ ဝင်ရောက်ကျူးကျော်မည့်အနေအထား ရှိကြောင်း ဆိုသည်။ ထို့အပေါ် ရုရှားက ငြင်းဆိုထားသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်နှင့်အခြားအနောက်နိုင်ငံများ လုံခြုံရေးအာမခံမှုဆွေးနွေးခြင်းဆိုင်ရာ ကြေညာချက် ထုတ်ပြန်ခဲ့ရာ အမေရိကန်နှင့် နေတိုးအဖွဲ့အား အရှေ့သို့ထပ်တိုးချဲ့ထွင်ခြင်း ဖြစ်နိုင်ခြေမရှိအောင် ဥပဒေအာမခံချက်ပေးဖို့ တောင်းဆိုခဲ့သည်။ ယခုနှစ် ဇန်နဝါရီ ၁၀ ရက်မှ ၁၃ ရက်တွင် ရုရှားသည် အမေရိကန်၊ နေတိုးအဖွဲ့များနှင့်အဆိုပါ လုံခြုံရေးအာမခံမှုအကြုံပြုချက်ဆွေးနွေးပွဲ ပြုလုပ်ခဲ့သော်လည်း လက်တွေ့ရလဒ်မရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………
(Chinese Version)
(国际)俄法总统再次就俄安全保障等问题通电话
2022-02-01 06:46:19
新华社莫斯科1月31日电(记者胡晓光)俄罗斯总统普京31日再次与法国总统马克龙通电话,就俄安全保障、乌克兰局势等问题交换意见。
据俄罗斯总统网站消息,普京在通话中再次详细阐述了俄方在乌克兰局势、西方向俄方提供有法律约束力的长期安全保障等问题上的原则立场。双方约定继续保持电话联系,并研究举行线下会晤的可能性。
普京28日曾与马克龙通电话,就俄安全保障、乌克兰局势等问题交换意见。
近期,俄乌关系加速恶化,双方在两国边境地区部署了大量军事人员和装备。美国、乌克兰和北约声称俄罗斯在俄乌边境集结重兵,可能准备“入侵”乌克兰。俄方否认这一说法。
2021年12月,俄外交部就与美国和其他西方国家开展安全保障对话发表声明,要求美国和北约就排除进一步东扩的可能性提供法律保障。今年1月10日至13日,俄罗斯分别与美国、北约就上述安全保障建议开展对话,但均未取得实质性成果。(完)
图说1:2021年12月23日,俄罗斯总统普京在莫斯科召开年度记者会。 新华社发(叶甫盖尼•西尼岑摄)