Connect with us

Asia

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းတွင် မိုးရွာသွန်းမှုနှင့်ဆက်စပ်သည့်ဖြစ်စဉ်များကြောင့် သေဆုံးသူ ၄၂ ဦးအထိရှိလာ

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်တွင် ဒေသခံအချို့ ယာယီဝါးဖောင်ဖြင့် သွားလာနေကြသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်တွင် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း မိုးရွာသွန်းမှုနှင့်ဆက်စပ်သည့် ဖြစ်စဉ်များကြောင့် သေဆုံးသူအရေအတွက် ၄၂ ဉီးအထိရှိလာခဲ့ကြောင်း အောက်တိုဘာလ ၂ ရက်တွင် ဖော်ပြသည့်သတင်းများအရ သိရသည်။

ကတ်တီဟာ၊ ဘတ်ဂူစာရိုင်၊ ခါဂါရိုင်နှင့် ဘာဂယ်လ်ပါရ် အပါအဝင် ခရိုင် ၁၅ ခုတွင် ရေဖုံးလွှမ်းမိုးမှုဒဏ်ကို ပြည်သူ သန်း ၂၀ ကျော် ခံစားနေရကြောင်း နိုင်ငံပိုင် အသံလွှင့်ဌာန All India Radio ဖော်ပြထားသည်။

ဘီဟာပြည်နယ်မြို့တော် ပတ်နာတွင် ရေဖုံးလွှမ်းမှုအဆိုးဝါးဆုံးဖြစ်ကြောင်း၊ မိုးသည်းထန်စွာ ရွာသွန်းမှုဒဏ်ခံစားခဲ့ရသည့် ခရိုင်များမှာ ဘိုချ်ပါရ်၊ ဆမ်မာစတီပါရ်၊ ဘီဂူစာရိုင်၊ လာခီဆာရိုင်၊ ဗိုင်ရှာလီနှင့် ဒတ်ဘ်ဟန်ဂါခရိုင်များ ဖြစ်ကြောင်း သိရသည်။

ပြည်နယ်အစိုးရက သဘာဝဘေးဖြစ်ပွားခဲ့သည့်နယ်မြေများတွင် ကယ်ဆယ်ရေးနှင့် ဘေးအန္တရာယ်လျော့ပါးရေး လုပ်ငန်းများ အရေးတကြီးလုပ်ဆောင်ထားသည်ဟု ဆိုသည်။

ထို့ပြင် ဘီဟာပြည်နယ်ရှိ သီးခြားနယ်မြေများတွင် အောက်တိုဘာလ ၃ ရက်၌ မိုးသည်းထန်စွာရွာသွန်းမှု ဖြစ်နိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနက ခန့်မှန်းထားသည်။ (Xinhua)