Connect with us

Australia / Oceania

ဆစ်ဒနီ အကြမ်းဖက် တိုက်ခိုက်မှု ကြံစည်သူ အမျိုးသား နှစ်ဦးအား ထောင်ဒဏ် ၁၅ နှစ် ချမှတ်

ဆစ်ဒနီ အကြမ်းဖက် တိုက်ခိုက်မှု ကြံစည်သူ အမျိုးသားအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)
ဆစ်ဒနီရှိ ရှီအိုက် မွတ်ဆလင် ဝတ်ပြုဆောင်တွင် ဗုံးခွဲရန် ကြံစည်သူ အမျိုးသား နှစ်ဦးအား ဒီဇင်ဘာလ ၉ ရက်က အနည်းဆုံး ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ကြောင်း ဒေသခံ မီဒီယာက ဖော်ပြထားသည်။

ပြီးခဲ့သည့် နှစ်က ဆစ်ဒနီ အနောက်ဘက် Guildford ဆင်ခြေဖုံး ရပ်ကွက်ရှိ ဘုရားကျောင်း တစ်ကျောင်းအား အကြမ်းဖက် တိုက်ခိုက်ရန် ကြံစည်မှုကြောင့် တရားစွဲဆိုခြင်း ခံထားရသည့် အသက် ၂၅ နှစ်အရွယ် အိုမာ အယ်လ်-ကူတိုဘီ နှင့် အသက် ၂၇ နှစ်အရွယ် မိုဟာမက်ခစ်ဒ် တို့သည် ၎င်းတို့၏ ပြစ်ဒဏ်အတွက် အသနားခံစာ အသီးသီး တင်ခဲ့ကြောင်း သိရသည်။
၎င်းတို့ နှစ်ဦးအား မူလက ထောင်ဒဏ် နှစ် ၂၀ ချမှတ်ထားခြင်းအား ဆစ်ဒနီမြို့ Paramatta နယ်မြေရှိ နယူးဆောက်ဝေး တရားရုံးချုပ်၌ ဒီဇင်ဘာလ ၉ ရက်တွင် တရားသူကြီး ပီတာ ဂါလင်း (Peter Garling) က အမိန့်ချခဲ့ခြင်း ဖြစ်သည်။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလက ဆစ်ဒနီမြိုက အနောက်ဘက်တွင် အကြမ်းဖက်မှု လုပ်ဆောင်ရန် ကြံစည်နေစဉ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ၎င်းတို့ နှစ်ဦးအား ဖမ်းဆီးမိခဲ့ခြင်း ဖြစ်ကြောင်း AAP သတင်းဋ္ဌာနက တင်ပြထားသည်။ ၎င်းတို့နှင့်အတူ အမဲလိုက်ဓား တစ်ချောင်း၊ တောခုတ်ဓား တစ်ချောင်းနှင့် ပြည်တွင်းဖြစ် အိုင်အက်စ် အလံ တစ်ခုအား တွေ့ရှိခဲ့ရကြောင်း သိရသည်။
ယခုလို ပြစ်ဒဏ်မျိုး ချမှတ်နိုင်သည့်အတွက် ကျွန်ုပ်တို့ ရဲတပ်ဖွဲ့ အနေဖြင့် ဝမ်းသာကြောင်း၊ အကြမ်းဖက်ခြင်းကို ကျွန်တော်တို့ ကြပ်ကြပ်မတ်မတ် ကိုင်တွယ်နိုင်သည်ဆိုသော သတင်းကောင်းအား လူထုကို ချပြနိုင်ပြီ ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးမှူးချုပ် Darren Sly က ပြောကြားလိုက်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.