Connect with us

North America

ထရန့်က တောင်ကိုရီးယား၊ဂျပန် ခေါင်းဆောင်များနှင့် မြောက်ကိုရီးယားကျွန်းဆွယ်အရေး ဆွေးနွေး

ထရန့်နှင့် မွန်ဂျေအင် တို့အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက

ဝါရှင်တန် ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ)

အမေရိကန်သမ္မတ ထရန့်က ဧပြီ ၂၈ ရက်တွင် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင် ၊ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ှနှင့် တိုးတက်ပြောင်းလဲလာသည့် မြောက်ကိုရီးယားကျွန်းဆွယ်အရေးအခြေအနေသစ်များကို ဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်နှင့်ဆွေးနွေးပြောကြားရာတွင် ဧပြီလ ၂၇ ရက်က မွန်ဂျေအင် နှင့် ကင်ဂျုံအမ် တို့ တွေ့ဆုံဆွေးနွေးသည့်အကြောင်းအရာများပြောကြားခဲ့ပြီး ထရန့်နှင့်မွန်ဂျေအင်တို့က မြောက်ကိုရီးယား၏ အနာဂတ် တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရန်မှာ နျူကလီးယားလက်နက် လုံး၀ စွန့်လွှတ်မှုပေါ်တွင် မူတည်သည်ဟု ပြောကြားခဲ့ကြောင်း အမေရိကန် အိမ်ဖြူတော်၏ ကြေညာချက်တွင် ထုတ်ပြန်ရေးသားထားသည်။

ထို့အပြင် အမေရိကန်နှင့်ဂျပန်နှစ်နိုင်ငံခေါင်းဆောင်များက မြောက်ကိုရီးယားသည် အစုလိုက်အပြုံလိုက် သေကြေ ပျက်စီးစေနိုင်သည့် လက်နက်နှင့်ဒုံးကျည် အားလုံးကို စွန့်လွှတ်ရန် လိုအပ်သည်ဟု ထင်မြင်ကြောင်း ထိုထုတ်ပြန်ကြေညာချက်တွင် ရေးသားထားသည်။

လက်ရှိအခြေအနေမှာ အဆင်ပြေချောမွေ့ကြောင်း၊ ၎င်းနှင့် ကင်ဂျုံအမ်တို့၏ တွေဆုံမည့် အချိန်နှင့်နေရာကို ဆွေးနွေးဆဲဖြစ်ကြောင်း ထရန့်က ထိုနေ့မနက်အစောပိုင်းက ၎င်း၏ဆိုရှယ်မီဒီယာတွင် ရေးသားထားပါသည်။ ထိုမတိုင်မီ ထရန့်က ၎င်းနှင့် ကင်ဂျုံအမ်တို့ မေလ သို့မဟုတ် ဇွန်လ လဆန်းပိုင်းတွင် တွေ့ဆုံသွားရန်ရှိကြောင်း ထုတ်ဖော်ပြောကြားထားပါသည်။

ဧပြီလ ၂၇ ရက် မွန်ဂျေအင်နှင့် ကင်ဂျုံအမ်တို့ တောင်ကိုရီးယားနိုင်ငံဘက်အခြမ်း ပန်မွန်ဂျုံရွာရှိ ငြိမ်းချမ်းရေးအိမ်တော်တွင် တွေ့ဆုံဆွေးနွေးကြရာ နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်အောင် ဆောင်ရွက်ရန်၊ စစ်ရေးတင်းမာမှုများ ပြေလျော့စေရန်နှင့် မြောက်ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက် ကင်းစင်ရန်ကို ဘုံရည်မှန်းချက်အဖြစ်ထားဆောင်ရွက်ရန် စသည့်ကိစ္စရပ်များတွင် သဘောတူညီမှုများရရှိခဲ့ပြီး သဘောတူညီမှုဆိုင်ရာပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ဧပြီလ ၂၀ ရက်တွင် ကျင်းပသော မြောက်ကိုရီးယားအလုပ်သမားပါတီ(WPK) ဗဟိုကော်မတီ၏ ၇ ကြိမ် မြောက် တတိယအကြိမ်မျက်နှာစုံညီအစည်းအဝေးတွင် ၂၀၁၈ ခုနှစ် ဧပြီလ ၂၁ ရက်မှစ၍ အနျူကလီးယား စမ်းသပ်မှုများ ရပ်နားရန်နှင့် တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်လွှတ်တင်မှုကို ရပ်နားရန် ဆုံးဖြတ်ခဲ့ကြောင်း မြောက်ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) ၏ သတင်းများအရ သိရှိရသည်။(Xinhua)