ရန်ကုန်၊ ဇွန်(၂၆)ရက် (ဆင်ဟွာ) ၁၉၈၇ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန် ၂၆ ရက်ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့သည့် အချိန်မှစ၍ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို နှစ်စဉ်ကျင်းပလာခဲ့သည်မှာ (၃၅) ကြိမ်မြောက်ရှိပြီ ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ဇွန်...
ပေကျင်း၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ ဇွန် ၂၂ ရက်က ကျင်းပခဲ့သည့် BRICS စီးပွားရေးဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ ရုပ်သံလင့်ခ်မှ တစ်ဆင့်မိန့်ခွန်းပြောကြားမှုကို ကောက်နုတ်တင်ဆက်ထားသည့်ရုပ်သံဖိုင်ဖြစ်ပါသည်။ သမ္မတရှီကျင့်ဖိန်က BRICS အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းထားရှိရန်နှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကိုချဲ့ထွင်ရန်၊ငြိမ်းချမ်းရေး၊တည်ငြိမ်ရေး နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင်ပွင့်လင်းမြင်သာမှုရှိစေရန် တိုက်တွန်းပြောကြားခဲ့သည်။(Xinhua) ……………………...
ပေကျင်း ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က အင်တာနက် နှင့် အခြားသောချန်နယ်များကို အသုံးပြု၍ ပြည်သူ့အသံကို ပိုမိုကောင်းမွန်စွာ နားထောင်နိုင်ရန် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) ၃၅ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဖြစ်သည့် ယနေ့ ဇွန် ၂၆ ရက်တွင် အမေရိကန်ဒေါ်လာ ၁၉၂ သန်းကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ နှင့် ဓာတုပစ္စည်းများအား ရန်ကုန်အနောက်ပိုင်းကုန်တင်ယာဉ်ရပ်နားကွင်း၌...
မော်စကို၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) လာမည့်လအနည်းငယ်အတွင်း ရုရှားက ဘီလာရုဇ်အား 9K720 Iskander ဒုံးကျည်စနစ်ထောက်ပံ့မည်ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က ဇွန် ၂၅ ရက်တွင် ပြောကြားခဲ့သည်။