ဂျီနီဗာ၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ) ရုရှား-ယူကရိန်း ပဋိပက္ခကို အဆုံးသတ်နိုင်ရန်ရည်ရွယ်သည့် နည်းလမ်းများကို ဆွေးနွေးပြောဆိုရန် အတွက် အမေရိကန်၊ ယူကရိန်းနှင့် ဥရောပနိုင်ငံများမှကိုယ်စားလှယ်များသည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ မြို့တွင် နိုဝင်ဘာ ၂၃ ရက်က တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။ မီဒီယာများတွင်ဖော်ပြထားသောသတင်းများအရ အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး...
ပေကျင်း၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ) ရဲဘော် ဟူရောက်ပေါင်း၏ နှစ် ၁၁၀ ပြည့်မွေးနေ့ အထိမ်းအမှတ် နှီးနှောဖလှယ်ပွဲတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ပြောကြားခဲ့သည့်မိန့်ခွန်းကို ပြည်သူ့ပုံနှိပ်တိုက်မှ ပုံနှိပ်ထုတ်ဝေလိုက်ကြောင်း သိရသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီက နိုဝင်ဘာ...
လန်ဒန်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဗြိတိန်တော်ဝင်ရေတပ်သည် လွန်ခဲ့သည့် နှစ်ပတ်အတွင်း နောက်ယောင်ခံစစ်ဆင်ရေးတစ်ခုအတွင်း ရုရှားစစ်သင်္ဘောတစ်စင်းနှင့် ရေနံတင်သင်္ဘောတစ်စင်းကို ကြားဖြတ်ဟန့်တားခဲ့ကြောင်း ဒေသခံမီဒီယာများက ဗြိတိန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ နိုဝင်ဘာ ၂၃ ရက်က ထုတ်ပြန်ချက်ကို ကိုးကားဖော်ပြခဲ့သည်။ တော်ဝင်ရေတပ်ကင်းလှည့်သင်္ဘော HMS Severn သည် ဒိုဗာရေလက်ကြားနှင့် အင်္ဂလိပ်ရေလက်ကြားမှတစ်ဆင့်...
တိုကျို၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံတစ်ဝန်း၌ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများက သတ်မှတ်ထားသည့် ပျမ်းမျှ တုပ်ကွေးရောဂါ လူနာအရေအတွက်သည် ဆယ်နှစ်အတွင်းအမြန်ဆုံးနှုန်းဖြင့် သတိပေးချက်အဆင့်သို့ ရောက်ရှိလာကြောင်း ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အဆိုအရ သိရသည်။ နိုဝင်ဘာ ၁၀ ရက်မှ ၁၆ ရက်အတွင်း အကြမ်းဖျင်းအားဖြင့် အဖွဲ့အစည်းပေါင်း...
ဂျိုဟန်းနက်စ်ဘာ့ဂ်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့၏ အစိုးရများအနေဖြင့် အပြန်အလှန်ဆွေးနွေးမှုနှင့် ထိတွေ့ဆက်ဆံမှုများ ခိုင်မာအားကောင်းစေရေးအတွက် အတူတကွ ကြိုးပမ်းအားထုတ်ကာ ကိုယ်စီအလေးထားစရာ ကိစ္စရပ်များကိုလည်း သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က နိုဝင်ဘာ ၂၃ ရက်၌ ပြောကြားခဲ့သည်။ ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံ ၂၀...