Connect with us

Europe

ရုရှားနှင့် ယူကရိန်းနိုင်ငံခေါင်းဆောင်များအကြားတွေ့ဆုံမှု ရှိနိုင်ကြောင်း ရုရှားကပြော၊ G7 က ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံချမှတ်မည်ဟုဆို

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်အား ကာကွယ်ရေးဝန်ကြီး Sergei Shoigu နှင့်အတူ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ အစည်းအဝေးအပြီး ဒီဇင်ဘာ ၂၁ ရက်တွင် တွေ့ရစဉ်(ဓာတ်ပုံ-Kremlin)

ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံ ခေါင်းဆောင်များကြား တွေ့ဆုံမှုရှိနိုင်ကြောင်း ရုရှား သမ္မတ၏ ပြန်ကြားရေးဝန်ကြီး Dmitry Peskov က မတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်နှင့် G7 တို့က ထိုနေ့တွင် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ထပ်မံဆောင်ရွက်သွားမည်ဟု ကြေညာခဲ့ကြောင်း သိရသည်။—— ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံ ခေါင်းဆောင်များကြား တွေ့ဆုံမှု ရှိနိုင်ကြောင်းနှင့် နှစ်နိုင်ငံ ခေါင်းဆောင်များက ဆွေးနွေးခြင်းအတွက် မဟုတ်ဘဲ ရလဒ်အတွက်တွေ့ဆုံခြင်း သာဖြစ်စေရန် စေ့စပ်ညှိနှိုင်းရေး ကိုယ်စားလှယ်များနှင့် ဝန်ကြီးများအနေဖြင့် မိမိတာဝန်ကို အစွမ်းကုန် လုပ်ဆောင်သင့်ကြောင်း ရုရှား သမ္မတ၏ပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov က ပြောကြားခဲ့သည်။ နေတိုး (NATO) အဖွဲ့ အရှေ့ဘက်သို့ ချဲ့ထွင်မှုနှင့် ဒွန်ဘတ်စ်ဒေသရှိ ပြည်သူများ၏ လုံခြုံရေးစသည့် ကိစ္စရပ်များကို ရုရှားက တောင်းဆိုထားပြီး ၎င်းတို့ကို ဖြည့်ဆည်းပေးပါက ယူကရိန်းအကျပ်အတည်းနှင့် ရုရှား-အနောက်နိုင်ငံများအကြား တင်းမာမှုများ အဆုံးသတ်မည်ဖြစ်ကြောင်း Peskov က ပြောကြားခဲ့သည်။

—— အမေရိကန်သည် ရုရှားမှ ငါးနှင့် အခြားပင်လယ်စာထွက်ကုန်များ၊ အရက်များ၊ စက်မှုလုပ်ငန်းတွင် အသုံးပြုခြင်းမဟုတ်သည့်စိန်နှင့် အခြားအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကူးသန်းရောင်းဝယ်ရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ ယခင်ကတင်သွင်းခွင့်ပြုထားသည့် ရုရှားထုတ်ကုန်များကို တင်သွင်းမှုမှ တားမြစ်ခြင်း၊ အမေရိကန်ပြည်တွင်း သို့မဟုတ် အမေရိကန်နိုင်ငံသားမှ ရုရှားသို့ ဇိမ်ခံပစ္စည်းနှင့် အခြားခွင့်ပြုချက်ရရှိထားသည့် ထုတ်ကုန်ပစ္စည်းများ တင်ပို့ရောင်းချမှုမှ တားမြစ်ခြင်း၊ အမေရိကန်မှ ယခင်က သဘောတူညီချက်ရရှိထားသည့် ရုရှားစီးပွားရေးကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှုအသစ်များပြုလုပ်ခြင်းကို တားမြစ်ခြင်း၊ အမေရိကန်ပြည်တွင်း သို့မဟုတ် အမေရိကန်နိုင်ငံသားများမှတစ်ဆင့် ရုရှားဘဏ္ဍာငွေငွေရယူခြင်းအပေါ် အတည်ပြုခြင်း၊ ရန်ပုံငွေစုစည်းခြင်း၊ ကူညီပံ့ပိုးခြင်း၊ ရုရှားနှင့် အခြားနိုင်ငံများ ရောင်းဝယ်မှုအပေါ် အာမခံခြင်းစသည်တို့ကို တားမြစ်ထားသည့် အမိန့်တစ်ရပ်ကို အမေရိကန်သမ္မတ ဘိုင်ဒန်က မတ် ၁၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

—— G7 အဖွဲ့ဝင်နိုင်ငံအသီးသီးသည် ရုရှားအဓိကထုတ်ကုန်များအပေါ် သတ်မှတ်ပေးထားသည့် အထူးခံစားခွင့်များကို ပယ်ဖျက်မည်ဖြစ်ပြီး ရုရှားနိုင်ငံအား နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်၊ ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေး ဥရောပသမဂ္ဂဘဏ် စသည့် ကမ္ဘာ့အဓိက ဘက်ပေါင်းစုံဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်းများထံမှ ဘဏ္ဍာငွေရယူခြင်းကို တားဆီးမည်ဖြစ်ကြောင်း G7 အဖွဲ့ဝင်နိုင်ငံများက မတ် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ၎င်းတို့ကရုရှား၏ အဓိက ကုန်ပစ္စည်းများနှင့် နည်းပညာများ တင်သွင်းခြင်းနှင့် တင်ပို့ခြင်း ကုန်သွယ်မှုကို ထပ်ဆင့်တိုး ပိတ်ဆို့ရန် ပြင်ဆင်ထားကြောင်း ထုတ်ပြန်ထားသည်။

—— ရုရှားသမ္မတ ဗလာတီမာပူတင်သည် မတ် ၁၁ ရက်တွင် မော်စကိုသို့ လာရောက်လည်ပတ်သည့် ဘီလာရုဇ်သမ္မတ Lukashenko နှင့် တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် ပူတင်က ပိတ်ဆို့အရေးယူမှုများသည် ရုရှား၏ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ အချုပ်အခြာအာဏာကို ခိုင်မာစေမည့် အခွင့်အလမ်းကာလတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခင်က ဆိုဗီယက်ပြည်ထောင်စုသည်လည်း ပိတ်ဆို့အရေးယူမှုမျာအောက်တွင် ဖွံ့ဖြိုးတိုးတက်ပြီး အောင်မြင်မှုရရှိခဲ့သည်။ Lukashenko က အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများသည် တရားမဝင်ကြောင်းနှင့် ၎င်းတို့က ရုရှားနှင့် ဘီလာရုဇ်တို့၏ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားရန် ကြိုးပမ်းမှုများ အမြဲရှိခဲ့သော်လည်း နှစ်နိုင်ငံလုံးက ယင်းအခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

—— ရုရှားက မတ် ၁၁ ရက်တွင် တိကျမှု မြင့်မားသော တာဝေးပစ်လက်နက်များကို အသုံးပြု၍ ယူကရိန်း၏ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံနှင့် လေဆိပ်နှစ်ခုကို တိုက်ခိုက်ခဲ့ရာ အထူးစစ်ဆင်ရေး စတင်ချိန်မှစ၍ ရုရှားစစ်တပ်သည် ယူကရိန်းရှိ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံ ၃,၃၄၆ ခုကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Konashenkov က ပြောကြားခဲ့သည်။

—— ရုရှားသည် ကိဗ်မြို့အပါအဝင် ယူကရိန်း မြို့ ၅ မြို့အတွက် လူသားချင်းစာနာထောက်ထားမှုလမ်းကြောင်း ၁၀ ခု ဖွင့်လှစ်ထားကြောင်းနှင့် အထူး စစ်ဆင်ရေး စတင်ချိန်မှစ၍ ရုရှားသည် ယူကရိန်းအကူအညီမပါဘဲ လူပေါင်း ၂၂၃,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ရုရှား အမျိုးသားကာကွယ်ရေး ကွပ်ကဲမှုဌာန တာဝန်ခံ Mizintsev က ပြောကြားခဲ့သည်။ ယူကရိန်းက Donetsk ၊ ကိဗ် နှင့် အခြားဒေသများတွင် လူသားချင်းစာနာထောက်ထားမှုလမ်းကြောင်း ၁၁ ခု ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ယူကရိန်းဒုတိယဝန်ကြီးချုပ် Iryna Vereshchuk က မတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။

—— EU အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များက မတ် ၁၀ ရက်မှ ၁၁ ရက် အထိ ပြင်သစ်နိုင်ငံ ဗာဆိုင်းနန်းတော်၌ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ရာ အစည်းအဝေးတွင် ဥရောပသမဂ္ဂသို့ ယူကရိန်းဝင်ရောက်ရန် လျှောက်ထားမှုကို ဆွေးနွေးခဲ့ကြသည်။ ဥရောပကော်မရှင်သည် သက်ဆိုင်ရာစည်းမျဉ်းများနှင့်အညီ သဘောထားများ ထုတ်ဖော်သွားမည်ဖြစ်ကြောင်း မတ် ၁၁ ရက်အစည်းအဝေးတွင် အတည်ပြုခဲ့သည့် “ဗာဆိုင်းကြေညာချက်” တွင် ဖော်ပြထားသည်။ ဤကာလအတွင်း အီးယူသည် ယူကရိန်းနှင့် နက်ရှိုင်းသော မိတ်ဖက်ဆက်ဆံရေးရှိအောင် ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ပြီး ၎င်း၏ ကာကွယ်ရေးစွမ်းအင်မြှင့်တင်ရန်နှင့် ရုရှားအပေါ် စွမ်းအင်မှီခိုအားထားမှုကို လျှော့ချရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ အီးယူနှင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံများသည် ယူကရိန်းနိုင်ငံအတွက် နိုင်ငံရေး၊ ငွေကြေး၊ ပစ္စည်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ဆက်လက်ပံ့ပိုးပေးမည်ဖြစ်ကြောင်းနှင့် စစ်ပွဲအပြီးတွင် ယူကရိန်းပြန်လည်တည်ဆောက်ရေးကို ပံ့ပိုးကူညီသွားမည်ဟု မတ် ၁၀ ရက်နေ့က ပြုလုပ်သော ဆွေးနွေးပွဲတွင် ထုတ်ပြန်ခဲ့သည်။

—— ဖင်လန်နိုင်ငံ သမ္မတရုံးမှ မတ် ၁၁ ရက်တွင် ထုတ်ပြန်သည့် သတင်းအရ ဖင်လန် သမ္မတ Sauli Niinisto သည် ထိုနေ့တွင် ရုရှားသမ္မတ ဗလာတီမာပူတင်၊ ယူကရိန်းသမ္မတ ဇယ်လန်းစကီး အသီးသီးတို့နှင့် ဖုန်းဖြင့်ဆက်သွယ်ခဲ့ကြောင်း သိရသည်။ Niinisto သည် ပူတင်နှင့် ဆက်သွယ်စဉ် ယူကရိန်းရှိ လူသားချင်းစာနာထောက်ထားမှု အခြေအနေနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဇယ်လန်းစကီးနှင့် ဆက်သွယ်စဉ် အရပ်သားများ ထွက်ခွာရေးနှင့် နျူကလီးယားစက်ရုံများ၏ လုံခြုံရေးကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

—— နေတိုး အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg သည် မတ် ၁၁ ရက်က တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu နှင့် တွေ့ဆုံစဉ် တူရကီအနေဖြင့် ရုရှားနှင့် ယူကရိန်းကြားဝင်ရောက်ညှိနှိုင်းပေးမှုကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ မီးလောင်ရာလေပင့်၊ ပဋိပက္ခပြင်းထန်အောင် နိုးဆွခြင်းသည် မည်သူ့အပေါ်မှ ကောင်းကျိုးမရှိကြောင်းနှင့် စစ်ပွဲများအမြန်ဆုံးပြီးစီးရန် မျှော်လင့်ကြောင်း တူရကီသမ္မတ Recep Tayyip Erdogan က ထိုနေ့ကျင်းပသည့် ဒုတိယအကြိမ် အန်တယ်လ်ရာ သံတမန်ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

—— G7 အဖွဲ့ဝင်နိုင်ငံများမှ စိုက်ပျိုးရေးဝန်ကြီးများက မတ် ၁၁ ရက်တွင် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုအပေါ် ယူကရိန်းအခြေအနေများ၏ သက်ရောက်မှုများကို ဆွေးနွေးရန်အတွက် အွန်လိုင်း အထူးအစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့သည်။ ရုရှားနှင့် ယူကရိန်းကြား ပဋိပက္ခသည် သက်ဆိုင်ရာ ဒေသနှင့် ကမ္ဘာတစ်ဝှမ်းရှိ စားနပ်ရိက္ခာဖူလုံရေးအပေါ် ပိုမိုဖိအားပေးလာကြောင်း အဆိုပါ အစည်းအဝေးတွင် ပြောကြားခဲ့သည်။ စားနပ်ရိက္ခာအကျပ်အတည်းဖြစ်ပေါ်မှုမှ တားဆီးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစီအမံများ လိုအပ်ကြောင်း အစည်းအဝေးတွင် ဆွေးနွေးပြောကြားခဲ့သည်။ (Xinhua)

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်အား ကာကွယ်ရေးဝန်ကြီး Sergei Shoigu နှင့်အတူ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ အစည်းအဝေးအပြီး ဒီဇင်ဘာ ၂၁ ရက်တွင် တွေ့ရစဉ်(ဓာတ်ပုံ-Kremlin)

…………………………………………

(Chinese Version)

最新动态:俄方表示不排除俄乌元首会晤可能性 七国集团称将对俄进一步制裁

2022-03-12 07:15:43 来源: 新华网
新华社北京3月12日电 综合新华社驻外记者报道:俄罗斯总统新闻秘书佩斯科夫11日表示,不排除俄罗斯和乌克兰两国元首会晤的可能性。 美国以及七国集团当天宣布对俄进一步制裁措施。

——俄罗斯总统新闻秘书佩斯科夫11日对媒体表示,不排除俄乌元首会晤的可能性。 谈判代表团和部长们应首先尽自己的力量,使两国元首不是为了对话而见面,而是为了结果而见面。 佩斯科夫说,俄方已向乌方提出明确要求,涉及北约东扩、顿巴斯地区人民安全等问题。 只要俄方要求得到满足,围绕乌克兰的危机以及俄罗斯与西方的紧张关系将会结束。

——美国总统拜登11日签署一项行政令,内容包括:禁止美国从俄罗斯进口鱼类等海鲜制品、酒精饮料、非工业钻石及其他由美国务院、商务部和财政部商定的俄罗斯产品;禁止从美国境内或由美国人以任何形式向俄出口、销售或供应奢侈品及商定的其他产品;禁止美国对商定的俄经济领域进行新的投资;禁止在美国境内或由美国人批准、筹资、协助或担保任何别国与俄交易。

——七国集团成员国11日发表联合声明表示,将取消各自对俄罗斯关键产品实行的最惠国待遇,并阻止俄罗斯从国际货币基金组织、世界银行和欧洲复兴开发银行等全球主要多边金融机构获得融资。 成员国还准备进一步限制俄关键商品和技术的进出口贸易。

——俄罗斯总统普京11日与到访莫斯科的白俄罗斯总统卢卡申科举行会晤。 普京表示,制裁是加强俄经济和技术主权的机遇期。 苏联也曾一直在制裁下,却发展起来并取得成就。 卢卡申科表示,西方的制裁都是非法的,遏制俄罗斯和白俄罗斯发展的企图一直存在,但两国一定会克服困难。
——俄罗斯国防部发言人科纳申科夫11日表示,俄方当天使用远程高精度武器打击乌克兰军事基础设施,使两处军用机场瘫痪。 自俄方开展特别军事行动以来,俄军已摧毁乌方3346处军事基础设施目标。
——俄罗斯国家防御指挥中心负责人米津采夫11日发表声明说,俄方当天开放针对基辅等5个乌克兰城市的10条人道主义通道。 自开展特别军事行动以来,俄方在没有乌方参与的情况下已对超过22.3万人进行撤离。 乌克兰副总理伊琳娜·韦列修克11日表示,乌方当天计划在顿涅茨克、基辅州等地区开辟11条人道主义通道。

——欧盟成员国领导人非正式会议10日至11日在法国凡尔赛宫举行。 就乌克兰申请加入欧盟一事,会议11日通过的《凡尔赛宣言》表示,欧盟委员会将根据相关规定提出意见。 在此期间,欧盟将进一步深化与乌克兰的伙伴关系。 此外,宣言还表示欧盟将采取进一步措施增强防御能力、减少对俄能源依赖。 会议10日针对乌克兰局势发表声明说,欧盟及其成员国将继续向乌克兰提供政治、财政、物资和人道主义支持,并承诺在冲突停止后支持乌克兰重建。

——据芬兰总统府11日发布的新闻公报,芬兰总统尼尼斯托当天分别与俄罗斯总统普京和乌克兰总统泽连斯基通电话。 尼尼斯托在与普京的通话中表达了对乌克兰人道主义局势的担忧,与泽连斯基重点讨论了平民撤离以及核设施安全问题。

——北约秘书长斯托尔滕贝格11日在会见土耳其外长恰武什奥卢时,对土耳其在俄乌之间展开斡旋表示欢迎。 土耳其总统埃尔多安当天在第二届安塔利亚外交论坛开幕式上发表讲话说,当前“火上浇油对谁都没有好处”,“希望武器能尽快消音”。

——七国集团成员国农业部长11日举行线上特别会议,讨论乌克兰局势对全球粮食安全的影响。会议声明说,俄乌冲突使相关区域以及全球范围内的粮食安全承受更大压力。为防止出现粮食危机,必须采取人道主义援助等措施。(参与记者:黄河、熊思浩、李东旭、徐永春、华迪、李奥、刘芳、许缘、邓仙来、陈静、徐谦、李超、朱晟)

Photo – Russian President Vladimir Putin is seen with Defense Minister Sergei Shoigu after an expanded meeting of the Defense Ministry Board in Moscow on Dec. 21, 2021. (Kremlin)