Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာတို့ ပေကျင်းမြို့ တျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာတွင် ဇူလိုင် ၂၀ ရက်က တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာ နှင့် ပေကျင်းမြို့ တျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာတွင် ဇူလိုင် ၂၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သမ္မတရှီကျင့်ဖိန်က ဒေါက်တာ ကစ်ဆင်ဂျာသည် မကြာသေးမီကပင် အသက် ၁၀၀ ပြည့် မွေးနေ့ ဖြတ်သန်းခဲ့ခြင်း ဖြစ်သလို အဆွေတော် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ခြင်းမှာလည်း အကြိမ်ပေါင်း ၁၀၀ ကျော်ရှိပြီ ဖြစ်ကြောင်း၊ ဤကဲ့သို့သော “၁၀၀”နှစ်ခု ပေါင်းစည်းမှုသည် အဆွေတော်၏ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရေးခရီးစဉ်ကို တစ်မူထူးခြားသောအနက်အဓိပ္ပါယ် ရှိစေကြောင်း ပြောကြားခဲ့သည်။ လွန်ခဲ့သော ၅၂ နှစ်က တရုတ်-အမေရိကန် နှစ်နိုင်ငံ အချက်အချာကျသော အချိုးအကွေ့သို့ ရောက်ရှိချိန်တွင် ဥက္ကဋ္ဌကြီး မော်စီတုန်း၊ ဝန်ကြီးချုပ် ချူအင်လိုင်း၊ သမ္မတ ရစ်ချက် နစ်ဆင်နှင့် အဆွေတော်တို့သည် ထူးချွန်ပြောင်မြောက်သော မဟာဗျူဟာအမြင်ဖြင့် တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်ရေးကို မှန်ကန်စွာ ရွေးချယ်ခဲ့ကြပြီး တရုတ်-အမေရိကန် ဆက်ဆံရေး ပုံမှန်လုပ်ငန်းစဉ်များကို စတင်ခဲ့ကြရာ နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေခဲ့သလို ကမ္ဘာကို ပြောင်းလဲခဲ့ပါကြောင်း၊ တရုတ်နိုင်ငံသည် ခင်မင်ရင်းနှီးသောသံယောဇဉ်ကို တန်ဖိုးထားရာ မိမိတို့အနေဖြင့် မိတ်ဆွေဟောင်းကို မမေ့နိုင်သလို တရုတ်-အမေရိကန် ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်အောင်၊ နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရေး တိုးပွားအောင် တွန်းအားပေးဆောင်ရွက်ခဲ့သော အဆွေတော်၏ သမိုင်းဝင်အကျိုးဆောင်မှုများကိုလည်း မေ့ပျောက်ခြင်း မရှိပါကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်က လက်ရှိ ကမ္ဘာသည် နှစ် ၁၀၀ တွင် မကြုံရဖူးသော အပြောင်းအလဲများကို ဖြတ်သန်းနေရသလို နိုင်ငံတကာအခင်းအကျင်းတွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပွား လျက်ရှိရာ တရုတ်-အမေရိကန် နှစ်နိုင်ငံသည် မည်သို့ဦးတည်လျှောက်လှမ်းကြမည်ဟူသော လမ်းဆုံသို့ ထပ်မံ ရောက်ရှိနေခြင်းကြောင့် နှစ်နိုင်ငံအနေဖြင့် ထပ်မံရွေးချယ်ရန် လိုအပ်လာပြီဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။ အနာဂတ်ကို ကြည့်မည်ဆိုလျှင် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံသည် အပြန်အလှန် အောင်မြင် ဖြစ်ထွန်းအောင်၊ အတူတကွ ဖွံ့ဖြိုးတိုးတက်အောင် အပြည့်အဝ ဖော်ဆောင်၍ ရကြောင်း ၊ အရေးကြီးသည့်အချက်မှာ အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးစီးပွား ဖော်ဆောင်မှုဟူသော မူ ၃ ရပ်ကို လေးစားလိုက်နာရမည် ဖြစ်ပါကြောင်း၊ ယင်းအပေါ်တွင် အခြေခံ၍ တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့်အတူ နှစ်နိုင်ငံဆက်ဆံရေး မှန်ကန်သောလမ်းကြောင်းကို ရှာဖွေကာ နှစ်နိုင်ငံ ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း၊ ၎င်းမှာ နှစ်ဦးနှစ်ဖက်အတွက် အကျိုးရှိစေသလို ကမ္ဘာအတွက် အကျိုးဖြစ်ထွန်းစေကြောင်း၊ အဆွေတော်နှင့်တကွ အမေရိကန်၏ အမြော်အမြင်ရှိ၍ တတ်စွမ်း သူများအနေဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေး မှန်ကန်သော လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိအောင် တွန်းအားပေးဆောင်ရွက်ရာတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက် ပါဝင်ဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာက သမ္မတ ရှီကျင့်ဖိန်အနေဖြင့် မိမိ တရုတ်နိုင်ငံသို့ ပထမဆုံး လာရောက်လည်ပတ်ချိန်တွင် တရုတ်နိုင်ငံခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သော တျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ အမှတ် ၅ ဂေဟာ၌ လက်ခံတွေ့ဆုံသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်-တရုတ် ဆက်ဆံရေးသည် နှစ်နိုင်ငံနှင့် ကမ္ဘာကြီး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် အရေးကြီးကြောင်း ၊ လက်ရှိအခြေအနေတွင် “ရှန်ဟိုင်း ကြေညာချက်”၌အတည်ပြုထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာသင့်ကာ တရုတ်တစ်နိုင်ငံတည်း မူဝါဒသည် တရုတ်နိုင်ငံအတွက် အလွန်အမင်းအရေးကြီးသည်ကို နားလည်သဘောပေါက်၍ အမေရိကန်-တရုတ် ဆက်ဆံရေးကို အပြုသဘောဆောင် တိုးတက်လာအောင် တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ အမေရိကန်-တရုတ် နှစ်နိုင်ငံပြည်သူများ အပြန်အလှန် နားလည်မှု တိုးမြှင့်လာရေးအတွက် မိမိအနေဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း ဟင်နရီ ကစ်ဆင်ဂျာက ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ဝမ်ရိ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………..
(Chinese Version)

习近平会见美国前国务卿基辛格
新华社北京7月20日电7月20日,国家主席习近平在北京钓鱼台国宾馆会见美国前国务卿基辛格。
习近平指出,基辛格博士刚刚度过百岁生日,你访问中国已经一百多次。这两个“一百”加在一起,使你这次访华具有特殊意义。52年前,中美两国处在一个关键转折点,毛泽东主席、周恩来总理同尼克松总统和你本人以卓越的战略眼光,作出中美合作的正确抉择,开启了中美关系正常化进程,既造福了两国,也改变了世界。中国人重情讲义,我们不会忘记老朋友,不会忘记你为推动中美关系发展、增进中美两国人民友谊作出的历史性贡献。
习近平强调,当前世界正在经历百年未有之大变局,国际格局发生重大变化。中美两国又一次处于何去何从的十字路口,需要双方再一次作出选择。展望未来,中美完全可以相互成就、共同繁荣,关键是遵循相互尊重、和平共处、合作共赢三项原则。在此基础上,中方愿同美方探讨两国正确相处之道,推动中美关系稳步向前,这对双方都有好处,也将造福世界。希望你和美国有识之士继续为推动中美关系重回正确轨道发挥建设性作用。
基辛格表示,感谢习近平主席选择在我首次访华会见中方领导人的钓鱼台国宾馆5号楼会见我。美中关系对于美中两国和世界的和平繁荣至关重要。当前形势下,应该遵守“上海公报”确定的原则,要理解一个中国原则对于中国的极端重要性,推动美中关系朝着积极方向发展。我愿继续为增进美中两国人民相互理解作出努力。
王毅参加会见。(完)
7月20日,国家主席习近平在北京钓鱼台国宾馆会见美国前国务卿基辛格。 新华社记者 黄敬文 摄