Connect with us

Africa & Middle East

အစ္စရေးက တူရကီအပေါ် တန်ပြန်ပိတ်ဆို့မှုများ လုပ်ဆောင်မည်

ဂါဇာကမ်းမြောင် တောင်ပိုင်း ရာဖာမြို့တွင် ပျက်စီးနေသည့်အဆောက်အဦများကို ဖြတ်သန်း၍ ရေခပ်သွားရန် ပြင်ဆင်နေသည့် ကလေးငယ်တစ်ဦးအား မေ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ မေ ၄ ရက် (ဆင်ဟွာ)

အစ္စရေးနှင့် သွင်းကုန်ပို့ကုန် ကုန်သွယ်ရေးလှုပ်ရှားမှုများ အားလုံးယာယီရပ်ဆိုင်းသည့် တူရကီ၏ ဆုံးဖြတ်ချက်အပေါ် တန်ပြန် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၃ ရက်တွင် ကြေညာခဲ့သည်။

အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနသည် စီးပွားရေးဝန်ကြီးဌာန၊ အကောက်ခွန် ဦးစီးဌာနတို့နှင့် ဆွေးနွေးပြီးနောက် ပါလက်စတိုင်း ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းဒေသနှင့် ဂါဇာကမ်းမြောင်တို့တွင် တူရကီနှင့် စီးပွားရေးဆက်သွယ်မှုများကို လျှော့ချရန် ဆုံးဖြတ်ခဲ့သလို ကုန်သွယ်ရေးသဘောတူညီချက်ကို ချိုးဖောက်သည့်အပေါ် တူရကီအား ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် နိုင်ငံတကာစီးပွားရေးနှင့် ကုန်သွယ်ရေးအဖွဲ့များကို တွန်းအားပေးသွားမည် ဖြစ်ကြောင်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာန၏ မေ ၃ ရက် ကြေညာချက်တွင် ဖော်ပြထားသည်။ တစ်ချိန်တည်းတွင်ပင် အစ္စရေးက တူရကီ ထုတ်ကုန်ပစ္စည်းကို အစားထိုးမည့် စာရင်းကို ထုတ်ဖော်ရေးဆွဲသွားမည်ဖြစ်ပြီး တူရကီ၏ဆုံးဖြတ်မှုကြောင့် ထိခိုက်ခဲ့ရသည့် ပို့ကုန်ကဏ္ဍများကို ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ (Xinhua)

……………………………………
(Chinese Version)

新华简讯|以色列将对土耳其采取多项反制措施
新华社耶路撒冷5月3日电 以色列外交部3日宣布,将就土耳其决定暂停与以色列的所有进出口贸易活动采取多项反制措施。
以外交部3日发表声明说,以外交部与经济部和税务局进行讨论后,决定采取措施减少土耳其与巴勒斯坦约旦河西岸和加沙地带的经济联系,推动国际经贸组织对土耳其违反贸易协定实施制裁。同时,以方将制定进口土耳其产品的替代清单,并对受土耳其决定影响的出口部门给予支持。(完)
1. 5月1日,在加沙地带南部城市拉法,打水的孩子从一栋遭到损坏的房屋前经过。