Connect with us

Africa & Middle East

အရှေ့အာဖရိကဒေသ၌ ရေကြီးရေလျှံမှုဖြစ်ပွား လူပေါင်း ၇၅၀,၀၀၀ နီးပါးရေဘေးသင့်ပြီး ၂၃၆ ဦးသေဆုံး

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့၌ ဓာတ်အားလိုင်းပေါ်တွင် အင်ဂျင်နီယာတစ်ဦး ပြုပြင်ထိန်းသိမ်း လုပ်ဆောင်နေမှုကို မေ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ မေ ၈ ရက် (ဆင်ဟွာ)

အရှေ့အာဖရိကဒေသ၌ ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၇၅၀,၀၀၀ နီးပါးရေဘေးသင့်ခဲ့ပြီး လူဦးရေ ၂၃၄,၀၀၀ အိုးအိမ်စွန့်ခွာခဲ့ရကာ ၂၃၆ ဦး သေဆုံးခဲ့ရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုအဖွဲ့က မေ ၆ ရက်တွင်ပြောသည်။
ရေကြီးရေလျှံမှုကြောင့် သေဆုံးသူများအနက် ကင်ညာတစ်နိုင်ငံတည်းတွင် သေဆုံးသူ ၂၂၉ ဦး ရှိကြောင်းသိရသည်။ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ကလည်း ကင်ညာနိုင်ငံရှိ ဒေသအာဏာပိုင်များက နိုင်ငံတစ်ဝန်း လူပေါင်း ၂၈၅,၀၀၀ ကျော် ရေဘေးသင့်မှုနှင့် ပတ်သက်ပြီးအစီရင်ခံဖော်ပြထားကြောင်းပြောသည်။
ဆိုမာလီယာနိုင်ငံ၌ ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၁၆၀,၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး ၃၇၀၀၀ ကျော်မှာ အိုးအိမ်စွန့်ခွာ သို့မဟုတ် နေရာပြောင်းရွှေ့ခဲ့ရကြောင်း OCHA က ပြောသည်။ ရေကြီးရေလျှံမှုကြောင့် ဧပြီ ၁၉ ရက် နောက်ပိုင်း ကလေးငယ် ခုနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဘူရွန်ဒီနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့် တန်ဂန်နီကာကန်၏ ရေမျက်နှာပြင်မြင့်တက်လာမှုများကြောင့် ဇန်နဝါရီလနောက်ပိုင်း လူပေါင်း ၁၈၀,၀၀၀ နီးပါးဘေးသင့်မှုရှိခဲ့ကြောင်း အဆိုပါရုံးကပြောသည်။

တန်ဇန်းနီးယားနိုင်ငံ၌ အစိုးရနှင့် မိတ်ဖက်များက ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအသင်းအဖွဲ့များကို ဖြန့်ကြက်ချထားကြောင်း၊ စားနပ်ရိက္ခာများ၊ အိပ်ရာများ၊ ခြင်ထောင်များနှင့် ရွက်ဖျင်တဲများအပါအဝင် ရေဘေးသင့်ပြည်သူများထံ အရေးပေါ်ကူညီထောက်ပံ့မှုများ ဖြန့်ဝေပေးထားကြောင်း လူသားချင်းစာနာထောက်ထားမှုအဖွဲ့ကပြောသည်။
ရဝမ်ဒါနိုင်ငံ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူပေါင်းများစွာသေဆုံးခဲ့ကာ လမ်းများ၊တံတားများနှင့် အိုးအိမ်ရာနှင့်ချီ ပျက်စီးမှုဖြစ်ပွားကြောင်း OCHA က ပြောသည်။ ထို့ပြင်ဒေသအာဏပိုင်များက စပါးနှင့် ငှက်ပျောစိုက်ဧက အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ကြောင်းပြောသည်။ (Xinhua)

………………………..
(English Version)
East Africa floods affecting 750,000 people kill more than 236, displace 234,000: UN
UNITED NATIONS, May 6 (Xinhua) — UN humanitarians said on Monday nearly 750,000 people were affected by flooding in eastern Africa, with 234,000 displaced and more than 236 killed – more than 229 in Kenya alone.
The UN Office for the Coordination of Humanitarian Affairs (OCHA) also said local authorities in Kenya reported more than 285,000 people were affected nationwide.
The office said that in Somalia, more than 160,000 people were affected by flooding, with more than 37,000 displaced or relocated. Flooding has killed seven children since April 19, with the states of Hirshabelle, Jubaland and Southwest the worst affected.
Humanitarian agencies said local authorities provided more than 70,000 people with food, cash, water, sanitation, shelter and health assistance. Some 50 boats were deployed to deliver supplies or evacuate people who may have been marooned by flood waters.
“Our partners estimate that the rains and floods could affect at least 770,000 people in Somalia,” OCHA said. “The rains are also likely to worsen the ongoing cholera epidemic in the country.”
The humanitarians said that in Burundi, torrential rains and the rising water level of Lake Tanganyika have affected nearly 180,000 people since January. The agriculture sector is heavily impacted, with national authorities estimating that 40,000 hectares – or 10 percent of the country’s crop area – have been affected.
The humanitarians said that in Tanzania, the government and partners deployed search-and-rescue teams and distributed emergency aid, including food, mattresses, mosquito nets and tents to assist flood-affected people.
The office said that in Rwanda, heavy rains and floods killed and injured dozens of people and damaged roads, bridges and hundreds of homes. Local authorities reported that several hectares of rice and banana plantations were also damaged.
“The governments and humanitarian partners are supporting evacuation efforts and the response,” OCHA said. ■
An engineer works on a power line pole in Nairobi, Kenya, May 6, 2024. (Photo by John Okoyo/Xinhua)