Connect with us

Asia

ဗီယက်နမ်၌ သဘာဝဘေးအန္တရာယ်ကြောင့် လူခြောက်ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရ

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Lao Cai ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဖုံးလွှမ်းနေသော လမ်းများအား ၂၀၂၃ ခုနှစ် ဩဂုတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ မေ ၈ ရက် (ဆင်ဟွာ)

ဗီယက်နမ်ကျေးလက်ဒေသများ တွင် မေ ၁ ရက်မှ ၇ ရက်အထိ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းမုန်တိုင်းများတိုက်ခတ်ခြင်းနှင့် လျှပ်စီးလက်၊ မိုးကြိုးပစ်ခြင်းများကြောင့် လူခြောက်ဦး သေဆုံးခဲ့ပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးကော်မတီက ထုတ်ပြန်ဖော်ပြခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီတွင် ထပ်ဆင့်ဖော်ပြခဲ့သည်။
မေ ၆ ရက် မွန်းလွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းဟာတင်ပြည်နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခု၌ မြေပြိုကျမှုဖြစ်ပွားခဲ့ရာ အလုပ်သမားသုံးဦး သေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့သည်။
လွန်ခဲ့သော ရက်အနည်းငယ်ကျော်က ကွန်နင်၊ ယန်ဘိုင်နှင့် လောင်အန်းပြည်နယ်များတွင် သဘာဝဘေးအန္တရာယ်များကြောင့် သုံးဦးသေဆုံးခဲ့သေးသည်။
ဗီယက်နမ်နိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် အိမ်ရာပေါင်းများစွာ ပျက်စီးခဲ့သည်။

မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များကို လိုက်နာကြရန်နှင့် အရေးပေါ်ဆောင်ရွက်ချက်များကိုလုပ်ဆောင်ကြရန် ကော်မတီက ဒေသအာဏာပိုင်များကို တိုက်တွန်းပြောကြားထားသည်။
ယခုနှစ် ပထမလေးလအတွင်း သဘာဝဘေးအန္တရာယ်များကြောင့် လူ ၁၀ ဦးသေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း အထွေထွေ စာရင်းရုံးက ထုတ်ပြန်လိုက်သောအချက်အလက်များအရ သိရသည်။ သဘာဝဘေးအန္တရာယ်များကြောင့် ဆုံးရှုံးမှုတန်ဖိုးများမှာ ယခုအခါတွင် ဗီယက်နမ်ငွေကြေး ဒေါင် ၂၂၄ ဒသမ ၆ ဘီလီယံရှိပြီဖြစ်သည်။ (Xinhua)

………………………
(English Version)
Natural disasters leave 6 dead, 11 injured in Vietnam so far this month
HANOI, May 7 (Xinhua) — Torrential rain, hail with thunderstorms and lightning killed six people and injured 11 others in Vietnamese localities from May 1 to 7, according to the National Steering Committee on Natural Disaster Prevention and Control and Vietnam News Agency.
On Monday afternoon, a landslide at a construction site in the central province of Ha Tinh left three workers dead and four others injured.
Three other deaths from natural disasters over the last few days were reported in Quang Ninh, Yen Bai and Long An provinces.
Hundreds of houses were damaged in the northern and central regions due to hailstorms and heavy rain, Vietnam News Agency reported.
The committee asked local authorities to closely follow the weather forecast and take active responsive measures.
According to the General Statistics Office, natural disasters left 10 missing and injured five others in Vietnam in the first four months of this year.
Total property losses during the cited period were estimated at 224.6 billion Vietnamese dong (8.8 million U.S. dollars). ■
This photo taken on Aug. 8, 2023 shows floods triggered by heavy rains inundating roads in northern Vietnam’s Lao Cai province.(VNA via Xinhua)