Connect with us

Politics, Law & Military

မြန်မာ- ဗီယက်နမ် နှစ်နိုင်ငံ၂ဝ၂ဝ ပြည့်နှစ်တွင် နှစ်ဖက်ကုန်သွယ်မှု ဒေါ်လာသန်း ၁ဝဝဝ ကျော်လွန် သည်အထိ တိုးမြှင့်သွားရန် သဘောတူ

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖုနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ်(ဓာတ်ပုံ- နိုင်ငံတော်၏ အတိုင်ပင်ခံရုံး)

ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

မြန်မာ- ဗီယက်နမ် နှစ်နိုင်ငံ၂ဝ၂ဝ ပြည့်နှစ်တွင် နှစ်ဖက်ကုန်သွယ်မှု ဒေါ်လာသန်း ၁ဝဝဝ ကျော်လွန် သည်အထိ တိုးမြှင့်သွားရန် သဘောတူခဲ့ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ သွားရောက် ခဲ့သည့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်နှင့်ပတ်သက်သည့် သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံနှင့် ဗီယက်နမ် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏသည် ၂ဝ၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၈၃ဝ သို့ ရောက်ရှိခဲ့ပြီး ၂ဝ၁၆ ခုနှစ် ကုန်သွယ်မှု ပမာဏနှင့် နှိုင်းယှဉ်ပါက ၅၁ ရာခိုင်နှုန်း မြင့်တက် ခဲ့ကြောင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတွင် ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံ၏ နဝမအဆင့် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ရင်းနှီး မြှုပ်နှံမှုတွင် သတ္တမအဆင့် အများဆုံးရင်းနှီးမြှုပ်နှံသူဖြစ်ရာ ဆက်လက်၍ ၂ဝ၂ဝ ပြည့်နှစ်တွင် နှစ်ဖက်အပြန်အလှန် ကုန်သွယ်မှုကို အမေရိကန်ဒေါ်လာ သန်း (၁ဝဝဝ) ပြည့်မီ ကျော်လွန်သည်အထိ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် တိုးမြှင့်ဆောင်ရွက်သွားရန် နှစ်ဖက် ခေါင်းဆောင်များက သဘောတူညီခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နှစ်နိုင်ငံအကြား အစိုးရအဆင့်၊ လွှတ်တော်အဆင့်၊ ပါတီအဆင့်နှင့် ပြည်သူများအကြား အထူးသဖြင့် လူငယ်များအကြား အပြန်အလှန် ထိတွေ့ဆက်ဆံမှု တိုးမြှင့် ဆောင်ရွက်ခြင်းဖြင့် ချစ်ကြည် ရင်းနှီးမှုနှင့် အပြန်အလှန် ယုံကြည်မှုများ ပိုမိုခိုင်မာလာမည်ဖြစ်သည်ကို ယုံကြည်ကြောင်း နှစ်ဖက်ခေါင်းဆောင်များက အလေးထားပြောကြား ခဲ့ကြောင်း သိရသည်။

၂ဝ၁၇ ခုနှစ်၊ သြဂုတ်လအတွင်း နှစ်နိုင်ငံဆက်ဆံရေးကို ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ တိုးမြှင့်နိုင် ခဲ့ခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေးတွင် ဘက်ပေါင်းစုံ ပွင့်လန်းလာစေရန်ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်နိုင်ခြင်းဖြစ်သည်ကို လည်းကောင်း သုံးသပ်ဆွေးနွေးခဲ့ပြီး၊ ဆက်လက်၍ နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ သစ်တောနှင့် သားငါးကဏ္ဍ၊ ပို့ဆောင်ရေး၊ စွမ်းအင်နှင့် ဆက်သွယ်ရေး၊ ကာကွယ်ရေး၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှု၊ လူမှုရေးနှင့် ပညာရေးပူးပေါင်းဆောင်ရွက်မှုအပါအဝင် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက် သွားရန် နှစ်ဖက်လုံးက ထပ်လောင်းအတည်ပြုခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗီယက်နမ်ဝန်ကြီးချုပ်တို့သည် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးသည့် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ယင်း အခမ်းအနားတွင် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဆိုင်ရာ ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံဘက်မှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် ဗီယက်နမ်နိုင်ငံ ပြန်ကြားရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ သွန်းတမ်တို့က လည်းကောင်း၊ ပြန်ကြားရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ဗီယက်နမ်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်းနှင့် ဗီယက်နမ် နိုင်ငံ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာသွန်းတမ်တို့က လည်းကောင်း၊ လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ တရားဝင်ချစ်ကြည်ရေးခရီးစဉ်အပြီးတွင် နှစ်နိုင်ငံ ပူးတွဲကြေညာချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသို့ ၂ဝ၁၈ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့မှ ၂ဝ ရက်နေ့အထိ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.