Connect with us

Asia

မြောက်ကိုရီးယား သည် ဖေဖော်ဝါရီတွင် ဂြိုလ်တု လွှတ်တင်မည်ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောကြား

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း အား ဂြိုလ်တု ထိန်းချုပ်ရေး စခန်းတစ်ခု ၌ တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အဖွဲ့အစည်း သုံးခုက မြောက်ကိုရီးယားနိုင်ငံ (DPRK) သည် ဖေဖော်ဝါရီလ ၈ ရက် မှ ၂၅ ရက် အတွင်း ကမ္ဘာမြေစောင့်ကြည့်ရေး ဂြိုလ်တုတစ်လုံး လွှတ်တင်ရန်ကြံရွယ်လျက် ရှိသည်ဟု သတင်းပေးပို့ခဲ့ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီလ ၂ ရက်နေ့ တွင်ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ (DPRK) သည် နိုင်ငံတကာ လေကြောင်း ဦးစီး အဖွဲ့အစည်း၊ နိုင်ငံတကာ ရေကြောင်း ဆိုင်ရာ အဖွဲ့အစည်း နှင့် နိုင်ငံတကာ ဆက်သွယ်ရေး သမဂ္ဂ သို့ ဖေဖော်ဝါရီလအတွင်း ၎င်း၏ ကမ္ဘာမြေ စောင့်ကြည့်ရေး ဂြိုလ်တု လွှတ်တင်မည့် အစီအစဉ်ကို ပြောကြားခဲ့ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး၏ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ Farhan Haq က သတင်းစာရှင်းလင်းပွဲ ၌ ပြောကြားခဲ့သည်။

၎င်းက ယခုအခါတွင် မြောက်ကိုရီးယား၏ ဂြိုလ်တု ဖွံ့ဖြိုးတိုးတက်မှု များအား ဂရုတစိုက် လေ့လာစောင့်ကြည့်လျက်ရှိပြီး ထိုကိစ္စအပေါ် စိတ်ဝင်စားသည့် အဖွဲ့အစည်းများ နှင့် နိုင်ငံတကာအဖွဲ့အစည်းများ နှင့်လည်း ကုလသမဂ္ဂသည် နီးနီးကပ်ကပ် ဆက်ဆံမှု ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117