Connect with us

Africa & Middle East

အစ္စရေးက အပစ်အခတ် ရပ်စဲရေး စေ့စပ်ညှိနှိုင်းမှုတွင် ပါဝင်ရန် အီဂျစ်သို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်

ဂျေရုဆလမ်၊ ဧပြီ ၃၀ရက် (ဆင်ဟွာ)
ပါလက်စတိုင်းနှင့်အတူ အပစ်အခတ် ရပ်စဲရေး စေ့စပ်ညှိနှိုင်းမှုတွင် ပါဝင်ရန် အစ္စရေး ကိုယ်စားလှယ်အဖွဲ့ကို ဧပြီ ၃၀ ရက်တွင် အီဂျစ်သို့ စေလွှတ်မည်ဖြစ်ကြောင်း အစ္စရေး အစိုးရ တာဝန်ရှိသူများက ဧပြီ ၂၉ ရက်၌ ဆင်ဟွာ သတင်းဌာနမှ သတင်းထောက်အား အတည်ပြုပြောကြားခဲ့ကြောင်း၊ စေ့စပ်ညှိနှိုင်းမှုနှင့် ပတ်သက်သော အသေးစိတ်နှင့် အစ္စရေး၏ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အခြေအနေများအကြောင်းကိုမူ သတင်းထောက်များအား ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့ကြောင်း သိရသည်။

အစ္စရေး စေ့စပ်ညှိနှိုင်းရေး ကိုယ်စားလှယ်များသည် ပါလက်စတိုင်း အစ္စလာမ္မစ် တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) နှင့်အတူ အပစ်အခတ် ရပ်စဲရေး စေ့စပ်ညှိနှိုင်းမှုတွင် ပါဝင်ရန် အီဂျစ်သို့ သွားရောက် မည်ဖြစ်ကြောင်း၊ အစ္စရေးသည် ၎င်း၏ယခင် အပစ်အခတ်ရပ်စဲရေး အခြေအနေများအပေါ် ဟားမက်စ်၏ တုံ့ပြန်မှုကို စောင့်မျှော်နေဆဲဖြစ်ကြောင်း အစ္စရေး Walla သတင်း ကွန်ရက်က ဧပြီ ၂၉ ရက်တွင် ဖော်ပြခဲ့သည်။ (Xinhua)

………………………………………………………………….
(Chinese Version)
以色列将派团前往埃及参加停火谈判
新华社耶路撒冷4月29日电 以色列政府官员29日向新华社记者证实,以方4月30日将派代表团前往埃及,参加同巴勒斯坦方面停火的谈判。他拒绝向记者透露有关谈判的细节和以色列的停火条件。
以色列瓦拉新闻网29日报道,以方谈判代表将前往埃及参加与巴勒斯坦伊斯兰抵抗运动(哈马斯)的停火谈判。以色列仍在等待哈马斯对以方之前所提停火条件的回应。(完)