Connect with us

Africa & Middle East

ဂါဇာကမ်းမြောင်ဒေသ နေရာအများအပြားကို အစ္စရေးစစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၃ ဦး သေဆုံး

အစ္စရေးစစ်တပ် လေကြောင်းတိုက်ခိုက်ပြီးနောက် ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်း Maghazi ဒုက္ခသည်စခန်း၏ မြင်ကွင်းများအား ၂၀၂၄ ခုနှစ် မေ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ မေ ၅ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ နေရာအများအပြားကို အစ္စရေးစစ်တပ်က မေ ၄ ရက်တွင် ခပ်စိတ်စိတ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အနည်းဆုံး သေဆုံးသူ ၁၃ ဦး ရှိခဲ့ကြောင်း ပါလက်စတိုင်း ရုပ်မြင်သံကြားဌာန၏ ယင်းနေ့တွင် ဖော်ပြချက်များအရ သိရသည်။အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင် မြောက်ပိုင်း ဂါဇာမြို့ နေရာအများအပြားကို မေ ၄ ရက်တွင် ခပ်စိတ်စိတ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးနှင့်ကလေးငယ်များအပါအဝင် အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။ ယင်းနေ့တွင်ပင် ဂါဇာကမ်းမြောင် တောင်ပိုင်း ခန်ယူနိစ်နှင့် ရာဇာမြို့တို့ရှိ နေအိမ်အများအပြားသည် အစ္စရေးစစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကို ခံခဲ့ရရာ အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ကြောင်း၊ ထို့အပြင် ဂါဇာကမ်းမြောင် အလယ်ပိုင်း Deir al-Balahနှင့် Maghazi ဒုက္ခသည်စခန်းကို ခပ်စိတ်စိတ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အစ္စရေးစစ်တပ် လေကြောင်းတိုက်ခိုက်ပြီးနောက် ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်း Maghazi ဒုက္ခသည်စခန်း၏ မြင်ကွင်းများအား ၂၀၂၄ ခုနှစ် မေ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စရေးစစ်တပ် လေကြောင်းတိုက်ခိုက်ပြီးနောက် ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်း Maghazi ဒုက္ခသည်စခန်း၏ မြင်ကွင်းများအား ၂၀၂၄ ခုနှစ် မေ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဝန်ကြီးဌာန၏ မေ ၄ ရက်၌ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ပြီးခဲ့သည် ၂၄ နာရီအတွင်း အစ္စရေး စစ်တပ်က ဂါဇာကမ်းမြောင်ကို တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၂ ဦး ၊ ဒဏ်ရရှိသူ ၄၁ ဦး ရှိကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ ပေါက်ကွဲဖြစ်ပွားသည့်အချိန်မှစ၍ ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးစစ်တပ်၏ စစ်ရေးလှုပ်ရှားမှုကြောင့် သေဆုံးသူ ပါလက်စတိုင်း ၃၄,၆၀၀ ကျော် နှင့် ဒဏ်ရာရသူ ၇၈,၀၀၀ ခန့်ရှိကြောင်း သိရသည်။ (Xinhua)
————————————-

以军轰炸加沙地带多地至少13人死亡
新华社加沙5月4日电(记者柳伟建)据巴勒斯坦电视台4日报道,以色列军队当天密集轰炸加沙地带多个地区,造成至少13人死亡。
报道说,以军4日密集轰炸加沙地带北部加沙城多个地区,造成包括妇女和儿童在内的至少8人死亡。加沙地带南部城市汗尤尼斯和拉法多处住宅当天遭以军空袭,造成至少3人死亡。此外,以军当天还密集轰炸加沙地带中部城市代尔拜拉赫和迈加齐难民营等地区,造成至少2人死亡。
据巴勒斯坦加沙地带卫生部门4日发布的数据,以军过去24小时对加沙地带的袭击共造成32人死亡、41人受伤。去年10月新一轮巴以冲突爆发以来,以色列在加沙地带的军事行动已造成超过3.46万巴勒斯坦人死亡、约7.8万人受伤。
1. 这是5月4日在加沙地带中部迈加齐难民营拍摄的以军空袭后的现场。