Connect with us

Politics, Law & Military

ဗီယက်နမ် နိုင်ငံ ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး နှင့် ဝန်ကြီးချုပ် တို့က တရုတ် နိုင်ငံခြားရေး ဝန်ကြီး အား လက်ခံတွေ့ဆုံ

ဗီယက်နမ် နိုင်ငံ ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး Nguyễn Phú Trọng နှင့် တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့ တွေ့ဆုံစဉ်(ဆင်ဟွာ)

ဟနွိုင်း ၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

ဗီယက်နမ် နိုင်ငံ ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး Nguyễn Phú Trọng နှင့် ဗီယက်နမ် နိုင်ငံ ဝန်ကြီးချုပ် Nguyễn Xuân Phúc တို့က နိုဝင်ဘာ ၃ ရက်နေ့ ၌ ဟနွိုင်း မြို့တွင် တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ အား လက်ခံတွေ့ဆုံမှု ပြုလုပ် ခဲ့ကြသည်။

Nguyễn Phú Trọng နှင့် Nguyễn Xuân Phúc တို့က တရုတ် နိုင်ငံ မှ ၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ (CPC) အမျိုးသား ညီလာခံ အား အောင်မြင်စွာ ကျင်းပ နိုင်ခဲ့သည့် အပေါ် လှိုက်လှဲစွာ ချီးမွမ်း ဂုဏ်ပြုကြောင်း ၊ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ခေတ်သစ် ဆိုရှယ်လစ် တရုတ် နိုင်ငံတော် အတွေးအမြင် အား CPC စည်းကမ်းသတ်မှတ်ချက် အတွင်းရေးသွင်း နိုင်ခဲ့သည့် အပေါ် ဂုဏ်ပြုကြောင်း ၊ ဗီယက်နမ် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ APEC အစည်းအဝေး တက်ရောက်ရန် ဗီယက်နမ် နိုင်ငံ သို့ လာရောက်လည်ပတ်မည့် အပေါ် လွန်စွာ အလေးထားပြီး စေ့စပ်သေချာသော ပြင်ဆင်မှုများပြုလုပ်ကာ လည်ပတ်မှု အလုံးစုံ အောင်မြင်မှု ရရှိအောင် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဗီယက်နမ် နိုင်ငံ ဝန်ကြီးချုပ် Nguyễn Xuân Phúc နှင့် တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့ တွေ့ဆုံစဉ်(ဆင်ဟွာ)

ဝမ်ရိ က မှ ၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ (CPC) အမျိုးသား ညီလာခံ နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား ပေးခဲ့ပြီး ၁၉ ကြိမ်မြောက် CPC အမျိုးသား ညီလာခံ အပြီးတွင် တရုတ် နိုင်ငံ က ဗီယက်နမ် နိုင်ငံ အား ဦးစွာ လာရောက်လည်ပတ်ခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေး ကို လွန်စွာအလေးထားကြောင်း ကို ပေါ်လွင်စေခဲ့ကြောင်း ၊ ယခုအကြိမ် ချစ်ကြည်လည်ပတ်ရေး ခရီးစဉ် မှ တစ်ဆင့် နှစ်နိုင်ငံ လက်စုံ မဟာဗျူဟာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး အတွက် စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်သွားပြီး နှစ်နိုင်ငံ နှင့် နှစ်ပါတီ အကြား ဆက်ဆံရေး ကို ပိုမိုမြင့်မားသည့် အဆင့်သို့ရောက်ရှိအောင် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.