Connect with us

Videos

တရုတ်-မြန်မာ ချစ်ကြည်ရေး တံတား (သန်လျင်တံတား) အား အတူတည်ဆောက်ခဲ့ကြသူများ၏ တွေ့ဆုံပွဲ

ရန်ကုန် ၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ ချစ်ကြည်ရေး တံတား (သန်လျင်တံတား) တည်ဆောက်ရေး တွင် ပါဝင် ခဲ့ကြသည့် တရုတ် နိုင်ငံ နှင့် မြန်မာ နိုင်ငံမှ ပညာရှင်များ က ဇန်နဝါရီ ၇ ရက်၌ သာကေတ မြို့နယ် ရှုခင်းသာလမ်း ရှိ တံတားအထူးအဖွဲ့(၁၁)ရုံးတွင် ခင်မင်ရင်းနှီးစွာ ပြန်လည် တွေ့ဆုံကာ တံတား တည်ဆောက်စဉ် ကြုံတွေ့ ခဲ့ရသည့် အမှတ်တရ များအား ပြောဆို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ၎င်းတို့တည်ဆောက်ခဲ့ကြသည့် သက်တမ်း ၂၅နှစ်ကျော်ကြာပြီဖြစ်သည့် သန်လျင်တံတား ကြီးပေါ်သို့ ဖြတ်သန်းကာ တံတားတည်ဆောက်စဉ် အမှတ်တရများ ၊ အတူတကွ ပူးပေါင်းဆောင်ရွက်မှုများ ၊ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နှင့် အနာဂတ် မျှော်လင့်ချက် များနှင့် ပတ်သက်၍ဆွေးနွေးခဲ့ကြသည်။

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူး မစ္စတာ ရန်ဆုံကျိန်း (Mr.Yang Shouzheng) က သန်လျင်တံတား သည် ထိုအချိန်က အရှေ့တောင်အာရှ ဒေသ ၏ အကြီးဆုံး ကားလမ်း နှင့် ရထားလမ်း ပေါင်းစပ် ထားသည့် တံတား တစ်စင်းဖြစ်ပြီး ၎င်းအချိန်ကတရုတ် နိုင်ငံ အစိုးရ မှ မြန်မာ နိုင်ငံ အားကူညီထောက်ပံ့ပေး ခဲ့သည့် အကြီးဆုံး စီမံကိန်း တစ်ခု ဖြစ်ကြောင်းနှင့် ယခုလက်ရှိ သန်လျင် တံတား ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း တွင် တရုတ်နိုင်ငံအစိုးရမှ အတူတကွ ပူးပေါင်းပါဝင်သွားလိုကြောင်း ပြောကြားခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတား (သန်လျင် တံတား ) တည်ဆောက်ရေး တွင် ပါဝင်ခဲ့သည့် China Railway Major Bridge Engineering Group Co.,LTD ( MBEC )မှ ဒုတိယ အထွေထွေ မန်နေဂျာ မစ္စတာ ဟွမ်ကျိကျင်း (Mr.Huang Zhijin) က လက်ရှိအချိန်တွင် တံတား အား ဘက်စုံပြန်လည် စစ်ဆေးမှုများ ဆောင်ရွက်သင့်ပြီး လိုအပ်သော ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်သင့်ကြောင်း၊ MBEC အနေဖြင့် တံတား ပြန်လည် ထိန်းသိမ်းမှု အပိုင်းတွင် လိုအပ်သည့် အခန်းကဏ္ဍ ၌ ပါဝင် ကူညီသွားရန် အသင့်ရှိကြောင်းပြောကြားခဲ့သည်။

တံတားတည်ဆောက်ရာတွင် ပါဝင်ခဲ့ကြသည့် နှစ်နိုင်ငံမှ ပညာရှင်များနှင့်လည်း ဆင်ဟွာသတင်းဋ္ဌာနက အခုလိုတွေ့ဆုံမေးမြန်းမှုများပြုလုပ်ခဲ့သည်။ တရုတ်-မြန်မာ ချစ်ကြည်ရေး တံတား (သန်လျင်တံတား) အား ၁၉၈၆ ခုနှစ် အောက်တိုဘာလ က စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ၁၉၉၃ ခုနှစ် ဇူလိုင်လ ၃၁ ရက် တွင် စတင်အသုံးပြုနိုင်ခဲ့ကြောင်း ၊ သန်လျင်တံတား တည်ဆောက်ရန် တရုတ် နိုင်ငံ မှ ကျွမ်းကျင် ပညာရှင် ၁၅၀ ကျော် က မြန်မာ နိုင်ငံ သို့လာရောက်ကူညီခဲ့ပြီး တံတား တည်ဆောက်ရေး ဆိုင်ရာ နည်းပညာ များကို သင်ကြားပို့ချမှုများ ပြုလုပ်ကာ သတ်မှတ်ချိန်ထက် တစ်နှစ် ပိုမိုစောလျင်၍ တည်ဆောက်ပြီးစီး ခဲ့သည့် တံတား တစ်စင်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.