Connect with us

China

ဒေသတွင်းနိုင်ငံများအနေဖြင့် အနုတ်လက္ခဏာဆောင်လာသည့် အလားအလာ ၃ ရပ်ကို သတိပြုရန် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိ ပြောကြား

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၄ ရက်က ကျင်းပသော ၁၃ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်စဉ်(ဆင်ဟွာ)

ဂျကာတာ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

လက်ရှိအခြေအနေတွင် ဒေသတွင်းနိုင်ငံများအနေဖြင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့်လုံခြုံရေး၏ အနုတ်လက္ခဏာဆောင်သော အလာအလား ၃ ရပ်ကို အထူးသတိပြုရမည် ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိက အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် အလေးထားပြောကြားခဲ့သည်။

ပထမအနေဖြင့် “အင်ဒို-ပစိဖိတ် မဟာဗျူဟာ” ဒေသတွင်းသို့ လျင်မြန်စွာ စိမ့်ဝင်လာ၍ အာဆီယံဗဟိုပြုမှုကို ရိုက်ခတ်လာခြင်း၊ အာဆီယံဗဟိုပြု တည်ဆောက်ထားသော ထိရောက်မှုရှိသည့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု မူဘောင်ကို ရိုက်ခတ်လာခြင်းအား သတိပြုရမည် ဖြစ်ကြောင်း ၊

ဒုတိယအနေဖြင့် ဤဒေသအတွင်း မြောက်အတ္တလန္တိတ် စာချုပ်ဝင် နိုင်ငံများအဖွဲ့ (NATO)၏ ကြားဝင်ခြေရှုပ်ရန် ကြိုးပမ်းလာမှု၊ စစ်အေးခေတ်အတွေးအခေါ်နှင့် အုပ်စုဖွဲ့ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပွားအောင် ဖော်ဆောင်မှုဖြင့် ဒေသတွင်းနိုင်ငံများ နှစ်ပေါင်းများစွာ ကြိုးပမ်းမှုကြောင့် ရရှိလာခဲ့သော ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ဖျက်ဆီးခြင်းအား သတိပြုရမည် ဖြစ်ကြောင်း၊

တတိယအနေဖြင့် ဒေသပြင်ပ နိုင်ငံကြီးများ တောင်တရုတ်ပင်လယ်အရေးကို အကြောင်းပြု၍ ဒေသတွင်းရေးရာ ကိစ္စရပ်များကို ကြားဝင်လာခြင်း၊ ဒေသတွင်းနိုင်ငံများအကြား စည်းလုံးညီညွတ်စွာ ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်နေမှုအား သဘောထားကွဲလွဲအောင် လှုံ့ဆော်ဖျက်ဆီးခြင်းအား သတိပြုရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)

…………………………
(Chinese Version)
王毅:地区国家要警惕三个消极动向
新华社雅加达7月14日电(记者余谦梁 汪奥娜)当地时间7月13日,中央外办主任王毅在雅加达出席东亚合作系列外长会时强调,当前形势下,地区国家尤其要警惕事关本地区和平安全的三个消极动向。
一要警惕所谓“印太战略”加快向本地区渗透,冲击东盟中心地位,冲击以东盟为核心建立起来的行之有效的区域合作架构。
二要警惕北约试图插足本地区,引入冷战思维和阵营对抗,破坏地区国家多年努力得来的和平稳定局面。
三要警惕域外大国借南海问题介入地区事务,挑拨破坏地区国家之间的团结协作。(完)
1. 7月14日,中央外办主任王毅(前)在印度尼西亚雅加达出席第13届东亚峰会外长会。新华社记者徐钦摄