Connect with us

Africa & Middle East

ဂါဇာတွင် အစ္စရေးစစ်တပ်၏ မြေပြင်ထိုးစစ် သုံးလ ကြာမြင့်နိုင်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီး ပြောကြား

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း Khan Yunis မြို့တွင် ပျက်စီးနေသော အဆောက်အဦများအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေးစစ်တပ်၏ မြေပြင်ထိုးစစ်သည် သုံးလ ကြာမြင့်နိုင်သည်ဟု အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant က အောက်တိုဘာ ၂၂ ရက်တွင် ပြောကြားခဲ့ကြောင်း အစ္စရေးမီဒီယာများ၏ သတင်းများအရ သိရသည်။

ဂါဇာမြို့တွင် အစ္စရေးတိုက်ခိုက်မှုကြောင့် ပျက်စီးနေသောအဆောက်အဦများအကြား ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်နေသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာမြို့တွင် အစ္စရေးတိုက်ခိုက်မှုကြောင့် ပျက်စီးနေသောအဆောက်အဦများအကြား ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်နေသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပါလက်စတိုင်း အစ္စလာမ်တော်လှန်ရေးလှုပ်ရှားမှု ဟားမက်စ်အဖွဲ့ကို အောင်မြင်စွာ ချေမှုန်းနိုင်မည်ဆိုလျှင် ၎င်းမှာ ဂါဇာဒေသ၌ အစ္စရေးစစ်တပ်၏ နောက်ဆုံးမြေပြင်ထိုးစစ်ဖြစ်မည် ဖြစ်ကြောင်း၊ “ဒါက တစ်လ၊ နှစ်လ ဒါမှမဟုတ် သုံးလ အထိ ကြာမြင့်နိုင်တယ်။ နောက်ဆုံး ဟားမက်စ်တွေ ရှိမှာမဟုတ်တော့ပါဘူး” ဟု Yoav Gallant သည် တယ်လ်အာဗီရာဖိုရှိ အစ္စရေးလေတပ် ကွပ်ကဲရေးဌာနတွင် ပြောကြားခဲ့သည်။

အီဂျစ်-အစ္စရေးနယ်စပ်ရှိ အီဂျစ်စစ်ဘက်ဆိုင်ရာ ကင်းစခန်းတစ်ခုကို အစ္စရေး တင့်ကား မှားယွင်းတိုက်ခိုက်မှုများကြောင့် အီဂျစ် စစ်သား အများအပြား ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း အီဂျစ်စစ်ဘက်ဆိုင်ရာက အချင်းဖြစ်ပွားသည့်နေ့ အောက်တိုဘာ ၂၂ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အစ္စရေးစစ်တပ်က အစ္စရေးတင့်ကားတစ်စီး အီဂျစ် စစ်ဘက်ဆိုင်ရာ ကင်းစခန်းတစ်ခုကို မှားယွင်းစွာ ပစ်ခတ်မိကြောင်းနှင့် ထို့အပေါ် အသေးစိတ် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း အစ္စရေးစစ်တပ်က ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

အစ္စရေး-လက်ဘနွန်နယ်စပ်တွင် အစ္စရေးစစ်တပ်နှင့် ဟစ်ဇ်ဘိုလာတို့၏ ပစ်ခတ်မှုများက အောက်တိုဘာ ၂၂ ရက်အထိ ဆက်လက်ဖြစ်ပွားလျက်ရှိရာ သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့သည်။

အစ္စရေးအနေဖြင့် မြောက်ပိုင်း စစ်မျက်နှာပြင်ကို ရှောင်ကြဉ်နိုင်ရန် ကြိုးပမ်းနေဆဲဖြစ်ပြီး စစ်မျက်နှာပြင် နှစ်ဖက်ဖွင့်စစ်ဆင်ရေးလုပ်ရန် “စိတ်မဝင်စား”ကြောင်း၊ ဦးစားပေးရည်မှန်းချက်မှာ ဟားမက်စ်အဖွဲ့ကို ချေမှုန်းရန်ဖြစ်ကြောင်း အစ္စရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူက ယင်းနေ့တွင် ပြောကြားခဲ့သည်။

အစ္စရေးအစိုးရ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ အောက်တိုဘာ ၇ ရက်က ပါလက်စတိုင်း-အစ္စရေး စစ်ရေးပဋိပက္ခသစ် ဖြစ်ပွားပြီးနောက်ပိုင်း ဟားမက်စ်မှ အစ္စရေးသို့ ပစ်လွှတ်သည့် ဒုံးကျည် ၇,၄၀၀ ကျော် ရှိရာ ၎င်းတို့အနက် ဒုံးကျဉ် ၁,၁၀၀ ကျော်ကို အစ္စရေး Iron Dome ကာကွယ်ရေးစနစ်က တားဆီးနိုင်ခဲ့ကြောင်း သိရသည်။

အစ္စရေး ကျန်းမာရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၂၂ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ယခုအကြိမ် ပါလက်စတိုင်း-အစ္စရေးပဋိပက္ခတွင် အစ္စရေးလူမျိုး ၁,၄၀၀ ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၅,၄၃၁ ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။ ပါလက်စတိုင်း ဂါဇာကမ်းမြောင် ကျန်းမာရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၂၂ ရက် ထုတ်ပြန်သည့် ကြေညာချက်တွင် ဂါဇာကို အစ္စရေးတိုက်ခိုက်မှုကြောင့် လူပေါင်း ၄,၆၃၁ ဦး သေဆုံးပြီး လူပေါင်း ၁၄,၀၀၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။ (Xinhua)

………………………………..
(Chinese Version)
以色列国防部长:以军对加沙地带地面攻势或将持续三个月
新华社耶路撒冷10月22日电(记者王卓伦 吕迎旭)据以色列媒体报道,以国防部长加兰特22日说,以军即将对加沙地带发动的地面攻势可能会持续三个月。
加兰特在位于特拉维夫的以空军指挥中心说,如果以色列成功消灭巴勒斯坦伊斯兰抵抗运动(哈马斯),这将是以军在加沙地带的最后一次地面攻势。“这需要一个月、两个月甚至三个月时间,但最终不会有哈马斯。”
埃及军方22日发表声明说,以军坦克当天因“失误”击中埃以边境一座埃及军事哨所,导致多名埃及士兵受轻伤。以军在一份声明中说,一辆以色列坦克当天“意外”开火并击中埃及的一个军事哨所。以方将对具体情况展开调查。
以军与黎巴嫩真主党在以黎边境的交火22日仍在继续,并造成人员伤亡。以政府发言人同日表示,以方仍在努力避免开辟北部战线,以方对两线作战“不感兴趣”,首要目标仍是摧毁哈马斯。
据以色列官方发布的数据,自7日巴以爆发新一轮军事冲突以来,哈马斯已向以色列发射了7400多枚火箭弹,其中以色列“铁穹”防御系统拦截了1100多枚。据以色列卫生部22日公布的数据,本轮巴以冲突已导致1400多名以色列人死亡、5431名伤者送医。巴勒斯坦加沙地带卫生部门22日发表声明说,以军袭击加沙地带已造成4651人死亡、至少1.4万人受伤。
1. 这是10月22日在加沙地带南部城市汗尤尼斯拍摄的建筑废墟。
2,3. 10月22日,在加沙城,人们在遭以色列袭击损毁的建筑中实施救援。