Connect with us

Africa & Middle East

အမေရိကန်နိုင်ငံက ရာဖာမြို့ကို တိုက်ခိုက်ရန် အစ္စရေးအား လက်နက်များ ထောက်ပံ့မည်မဟုတ်ဟု ဘိုင်ဒန် ပြောကြား

အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန်ကို အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် မေ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၁၀ ရက် (ဆင်ဟွာ)

အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့ကို တိုက်ခိုက်မည်ဆိုပါက အမေရိကန်နိုင်ငံအနေဖြင့် အစ္စရေးအား ဗုံးများနှင့် အခြားလက်နက်များကို ထောက်ပံ့မည်မဟုတ်ကြောင်း၊ ယခင်က အမေရိကန်နိုင်ငံမှ အစ္စရေးထံ ထောက်ပံ့ခဲ့သော ဗုံးများကို ပါလက်စတိုင်းအရပ်သားများ သတ်ဖြတ်ရန်အတွက် အသုံးပြုခဲ့ကြောင်း အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန်က မေ ၈ ရက်တွင် CNN နှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဘိုင်ဒန် ၏ထုတ်ပြန်ချက်သည် အစ္စရေးက ရာဖာမြို့တွင် ပြုလုပ်ခဲ့သောစစ်ဆင်ရေးများအတွက် ”အနီရောင်မျဉ်း” ရေးဆွဲနေခြင်းဖြစ်ကြောင်း၊ ယင်းမှာလည်း အမေရိကန်နိုင်ငံက ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ စစ်ဆင်ရေးကြောင့် အရပ်သား အများအပြား သေဆုံးခဲ့သည့်ဖြစ်စဉ်တွင် “အခန်းကဏ္ဍတစ်ခုခုမှ ပါဝင်”နေကြောင်း CNN မှ သုံးသပ် ဖော်ပြခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………..
(Chinese Version)
拜登:美国不会为以色列进攻拉法提供武器
美国总统拜登8日表示,如果以色列军队进攻加沙地带南部城市拉法,美国将不会为其提供炸弹等武器,美方此前向以方提供的炸弹被用于杀害巴勒斯坦平民。拜登当天是在接受美国有线电视新闻网独家采访时作出上述表态的。美国有线电视新闻网分析指出,拜登的表态是在为以色列在拉法的军事行动“划红线”,也相当于承认美国在以色列对加沙地带的军事行动造成大量平民伤亡的过程中“扮演了一定角色”。
图说:这是5月9日在美国华盛顿白宫拍摄的美国总统拜登。新华社发(亚伦 摄)