Connect with us

Politics, Law & Military

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည်

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်မည် ဖြစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ယနေ့ အစည်းအဝေး မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMCU) တို့ ဧပြီလ ၂၇ ရက်နေ့တွင် တွေ့ဆုံမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်

ယနေ့ ကျင်းပနေသော ပြည်ထောင်စု အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ အစည်းအဝေးတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တွေ့ဆုံရေး ကိစ္စ၊ အရပ်သား ကိုယ်စားလှယ် ဒုတိယ ဥက္ကဋ္ဌ အလှည့်ကျ တာဝန် လွှဲပြောင်းခြင်းများ ဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း အစည်းအဝေး အစီအစဉ် တွင်ထည့်သွင်း ဖော်ပြထားသည်။

အဆိုပါ ပြည်ထောင်စု အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ အစည်းအဝေးသည် အစိုးရသစ် လက်ထက် ပထမဆုံး အကြိမ် ကျင်းပခြင်း ဖြစ်ပြီး ကော်မတီ အနေဖြင့် ငါးကြိမ်မြောက် အစည်းအဝေးလည်း ဖြစ်သည် ။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117