Connect with us

Politics, Law & Military

တာချီလိတ်မြို့နယ်၌ တရားမဝင်သစ် ၁၅တန် ဖမ်းမိ

တရားမ၀င်သစ်များအား ဖမ်းဆီးရမိစဉ်(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၏ အနောက်ဘက် ၃ မိုင်ခန့်အကွာရှိ မိုင်းဆတ်-တာချီလိတ်သွား ကားလမ်းပေါ်၌ တရားမဝင်သစ် ၁၅တန် ဖမ်းမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

မိုင်းဆတ်-တာချီလိတ်သွား ကားလမ်းပေါ်၌ သစ်တင်ယာဉ်တစ်စီး ရပ်တန့်ထားကြောင်း သတင်းအရ ဖေဖော်ဝါရီ ၆ ရက် ညနေပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ၎င်းယာဉ်အား ပြင်ဆင်နေသည့် တာချီလိတ်မြို့စက်မှုဇုန်ရပ်ကွက်၊ ပိရေဝပ်ရှော့မှ လူနှစ်ဦးအား NISSAN အမျိုးအစား လိုင်စင်မဲ့ ၁ဝ ဘီးယာဉ်ပေါ်မှ တင်ဆောင်ထားသော တရားမဝင်ကျွန်းသစ်နှင့် သစ်မျိုးစုံ ၁၅ တန်ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။အဆိုပါဖမ်းဆီးရမိသူများ၊ တရားမဝင်သစ်များနှင့် ယာဉ်တို့အား တာချီလိတ်မြို့မရဲစခန်းနှင့် သစ်တောဦးစီးဌာန သို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီးဖြစ်ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117