Connect with us

North America

ကျူးဘားနိုင်ငံမှ ရွှေ့ပြောင်းသွားလာသူတွေအပေါ် ကန့်သတ်ထားသော မူဝါဒ အမေရိကန် ရုပ်သိမ်း

အမေရိကန် သမ္မတ ဘားရတ် အိုဘားမားအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် နေထိုင်ရန်အတွက် ဗီဇာမပါဘဲ ရောက်ရှိလာသော ကျူးဘားနိုင်ငံသားများအပေါ် ကန့်သတ်ထားသည့် ကာလရှည် မူဝါဒ တစ်ခုအား ဖြေလျှော့ အဆုံးသတ်လိုက်ကြောင်း သမ္မတ အိုဘားမားက ဇန်နဝါရီလ ၁၂ ရက်တွင် ပြောကြားလိုက်သည်။

“Wet-foot/ Dry-foot” မူဝါဒဟု လူသိများသည့် ပင်လယ်ပြင်ကို ဖြတ်၍ အမေရိကန်နိုင်ငံတွင် ခိုလှုံလာသော ကျူးဘားနိုင်ငံသားများနှင့် ပတ်သက်သော မူဝါဒသည် နှစ်ပေါင်း ၂၀ ကျော်ကြာပြီ ဖြစ်သော အမေရိကန်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အထူး ဥပဒေ တစ်ရပ်လည်း ဖြစ်သည်။

“ကျူးဘားက ရွှေ့ပြောင်းသွားလာသူတွေကိုလဲ အခြားနိုင်ငံက ရွှေ့ပြောင်းသွားလာသူတွေနည်းတူ ကျွန်တော်တို့ ဆက်ဆံရမှာ ဖြစ်ပါတယ်”ဟု သမ္မတ အိုဘားမားက ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။အဆိုပါ ကြေညာချက်ကို ကျူးဘားနိုင်ငံက ကြိုဆိုလိုက်ပြီး ယင်း ကြေညာချက်ကို နောက်တက်လာမည့် ထရမ့် အစိုးရက ပြောင်းလဲပစ်မည်လောဟုလည်း ဇန်နဝါရီလ ၁၂ ရက်က မေးခွန်းထုတ်လိုက်သည်။ထို မူဝါဒကို ၁၉၉၅ ခုနှစ်က စတင် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ယခုလို မူဝါဒ ပြောင်းလဲလိုက်ခြင်းသည် ကျူးဘား-အမေရိကန် ဆက်ဆံရေး၏ အရေးကြီးသော အဆင့်မြှင့်တင်ခြင်း ဖြစ်ကြောင်း ကျူးဘားနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန၊ အမေရိကန်နိုင်ငံရေးရာ ညွှန်ကြားရေးမှူး ဂျို့ဖီနာ ဗီဒဲလ် (Josefina Vidal) က ဇန်နဝါရီလ ၁၂ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ယင်း ဆုံးဖြတ်ချက်သည် နှစ်နိုင်ငံ လုံခြုံရေး အတွက် စိုးရိမ်ဖွယ် ပြဿနာများကို ကျော်လွှားနိုင်မည် ဖြစ်ပြီး ကျူးဘားနိုင်ငံသားများအတွက် လုံခြုံစေမည် ဖြစ်သလို လူကုန်ကူးခြင်း၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လိမ်လည်မှုနှင့် အခြား ရိုက်စားပြဿနာများကို တားမြစ်ရာလည်း ရောက်သည်ဟု ဆိုသည်။အမေရိကန်နိုင်ငံ၏ ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့်အနေဖြင့် ကျူးဘားနှင့် ဆက်ဆံရေးကို ပုံမှန်အနေအထားဖြင့် ဆက်လက် လုပ်ဆောင်ရန်နှင့် ယခု ဆုံးဖြတ်ချက်ကိုလည်း မပြောင်းလဲရန် ကျူးဘားက မျှော်လင့်ထားကြောင်း ဗီဒဲလ်က ပြောသည်။ (Xinhua)