Connect with us

Eastern Europe

ယူကရိန်းတွင် ရုရှားစစ်ဆင်ရေးအား အစီအစဉ်အတိုင်းဆောင်ရွက်လျက်ရှိကြောင်း ပူတင်ပြောကြား

ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်တွင် ရုရှားနိုင်ငံ မော်စကိုမြို့၌ ပြုလုပ်သော ၎င်း၏ နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့စဉ် (ဓာတ်ပုံ-- Xinhua/Evgeny Sinitsyn)

မော်စကို၊ မတ် ၄ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ၌ ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေးများအား အစီအစဉ်လျားထားသည့်အတိုင်း တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေကြောင်း သမ္မတ ဗလာတီမာပူတင်(Vladimir Putin) က မတ် ၃ ရက်တွင် ပြောကြားခဲ့သည်။“ပေးအပ်သောတာဝန်များအားလုံး အောင်မြင်စွာ စွမ်းဆောင်လျက်ရှိပါတယ်” ဟု ရုရှားနိုင်ငံ၏ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်များနှင့် တွေ့ဆုံရာတွင် ပူတင်က ပြောကြားခဲ့သည်။

ရုရှားစစ်သားများနှင့် အရာရှိများသည် “သတ္တိရှိရှိ ပြုမူ” ၍ “၎င်းတို့၏ တိုက်ခိုက်ရသော အကြောင်းရင်းမှန်ကို အပြည့်အ၀ နားလည်စွာလျက် တည်ကြည်ခိုင်မာစွာတိုက်ပွဲဝင်လျက်ရှိကြောင်း’’ ပူတင်က နိုင်ငံ့ထိပ်ပိုင်း အရာရှိများကို ပြောကြားခဲ့သည်။

အဆိုပါ စစ်ဆင်ရေးသည် နျူကလီးယားလက်နက် ခြိမ်းခြောက်မှုများ အပါအဝင် လွန်ခဲ့သည့် နှစ်များအတွင်း ရုရှားနယ်စပ်၌ အနောက်နိုင်ငံများ၏ ခြိမ်းခြောက်မှုများအား ရှင်းလင်းရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၄ ရက်က စတင်ခဲ့သော ယူကရိန်းနိုင်ငံ၌ အထူးစစ်ဆင်ရေးအတွင်း ရုရှားစစ်သည် ၄၉၈ ဦး သေဆုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မတ် ၂ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)
………………………………………………

(English Version)
Russian operation in Ukraine goes as planned: Putin
MOSCOW, March 3 (Xinhua) — Russia’s special military operation in Ukraine is proceeding in strict accordance with the schedule and plan, President Vladimir Putin said Thursday.

“All the assigned tasks are being successfully fulfilled,” Putin said at a meeting with the permanent members of Russia’s Security Council.

Russian soldiers and officers “act courageously” and “fight steadfastly, with a full understanding of the rightness of their cause,” he told the country’s top officials.

The operation is aimed at clearing the threats caused by the West over past years right at Russian borders, including threats from nuclear weapons, said Putin.

The Russian Defense Ministry announced Wednesday that 498 Russian servicemen had been killed during the special military operation in Ukraine that started on Feb. 24. Enditem

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.