Connect with us

North America

အမေရိကန်အစိုးရယန္တရားရပ်ဆိုင်းမှုကို ရှောင်လွှဲရန် ဥပဒေကြမ်းကို လွှတ်တော်၌ အတည်ပြု

အမေရိကန်နိုင်ငံလွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ(Nancy Pelosi) မိန့် ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ၌ နောက်ထပ် အစိုးရယန္တရားရပ်ဆိုင်းမှုကို ရှောင်လွှဲရန် နယ်စပ်လုံခြုံရေး နှင့် အသုံးစာရိတ် ဆိုင်ရာ ဥပဒေတစ်ရပ်ကို ဆီးနိတ်လွှတ်တော်က အတည်ပြုပြီးနောက် နာရီအနည်းငယ်အကြာတွင် အောက်လွှတ်တော်အမတ်များက ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းတွင် အတည်ပြုခဲ့ကြောင်း သိရသည်။

ယခုအခါ အဆိုပါ ဥပဒေကြမ်းကို အိမ်ဖြူတော်ရှိ သမ္မတဒေါ်နယ်ထရမ့်ထံ ပေးပို့ထားပြီး သမ္မတအနေဖြင့် ဥပဒေကြမ်းကို အတည်ပြုရန် လက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း နှင့် တစ်ချိန်တည်းမှာပင် သမ္မတ၏ ရွေးကောက်ပွဲကတိကဝတ်ဖြစ်သော အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်းတည်ဆောက်ရေး ဘဏ္ဍာငွေရရှိရန် နိုင်ငံတော်အရေးပေါ်အခြေအနေတစ်ရပ်ကို ကြေညာသွားရမည်ဖြစ်ကြောင်း သိရသည်။ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲပိုင်းက ၎င်းဥပဒေကြမ်းကို အောက်လွှတ်တော်၌ နောက်ဆုံးမဲပေးမှုတွင် ၃ဝဝ မဲ – ၁၂၈ မဲ နှင့် အထက်လွှတ်တော်တွင် ၈၂မဲ-၁၆မဲ ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.