Connect with us

Europe

“အနာဂတ်တင့်ကားများ” ပူးပေါင်းထုတ်လုပ်ရေး သဘောတူညီချက်ကို ပြင်သစ်နှင့် ဂျာမနီတို့ လက်မှတ်ရေးထိုး

ပဲရစ်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

ပြင်သစ်ကာကွယ်ရေးဝန်ကြီး Sebastien Lecornu နှင့် ပြင်သစ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ဂျာမန်ကာကွယ်ရေးဝန်ကြီး Boris Pistorius တို့သည် ဧပြီ ၂၆ ရက်တွင် ပဲရစ်မြို့၌ သဘောတူညီချက်တစ်ခုအား လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ နှစ်နိုင်ငံသည် ဉာဏ်ရည်တု(AI) ပါရှိသော သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ နည်းပညာမြင့် “မြေပြင်အဓိကတိုက်ပွဲစနစ်”ကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းမှာ”အနာဂတ်တင့်ကား” ဖြစ်ကြောင်း ဂျာမန်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

ပြင်သစ်မီဒီယာများ၏ ဖော်ပြချက်အရ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကို ဂျာမနီက ဦးဆောင်ပြီး ရင်းနှီးငွေမှာ နှစ်နိုင်ငံကြား ညီတူညီမျှ ခွဲဝေမည်ဖြစ်ကြောင်း၊ “မြေပြင်အဓိကတိုက်ပွဲစနစ်” သည် သံချပ်ကာယာဉ်တစ်ခုသာမက တင့်ကားများ၊ မောင်းသူမဲ့လေယာဉ်များ၊ ဒုံးကျည်များ၊ Cloud storage ၊ ဉာဏ်ရည်တု (AI) စသည့် စွမ်းရည်များပါရှိသည့် ဘက်စုံ မြေပြင်တိုက်ခိုက်ရေးစနစ်လည်းပဲဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………………………………….
(Chinese Version)
法德签署协议共同研发“未来坦克”
新华社巴黎4月26日电 法国国防部26日说,法国国防部长勒科尔尼和到访的德国国防部长皮斯托里乌斯当天在巴黎签署协议,两国将共同研发具备人工智能等高新技术的“地面主战系统”,即“未来坦克”。
据法国媒体报道,研发工

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.