Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ရှားပါးငှက်မျိုးစိတ် ငဟစ်ဝမ်းဖြူငှက် တွေ့ရှိမှတ်တမ်းတင်နိုင်

ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်တွင် ကမ္ဘာ့အရှားပါးဆုံးငှက်များထဲတွင် တစ်မျိုးအပါအဝင်ဖြစ်သော ငဟစ်ဝမ်းဖြူငှက်ကို မကြာသေးမီက တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ၏ မေ ၃ ရက် ထုတ်ပြန်ချက်အရ သိရသည်။
NSCI group မြန်မာလူငယ်သုတေသနပညာရှင်အဖွဲ့၏ အဖွဲ့ဝင်ဖြစ်သော Phong San Dakaw က ကချင်ပြည်နယ်တွင် အဆိုပါ ငဟစ်ဝမ်းဖြူငှက်ကို တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထိုငှက်မျိုးစိတ်ကို ဟိမဝန္တာတောင်ကြောကြီးရဲ့ အရှေ့ပိုင်း ဘူတန်၊ မြန်မာ၊ အိန္ဒိယတွင် အများဆုံး တွေ့ရှိရကြောင်း သိရသည်။

အဆိုပါငှက်များသည် မြန်မာတစ်နိုင်ငံလုံးတွင် အကောင်ရေ ၄၀ ခန့်သာ ကျန်ရှိတော့ကြောင်း၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင်သာ တွေ့ရှိရကြောင်း၊ ၎င်းငှက်များမှာ ဒေသခံများ၏ အစာအဖြစ် အမဲလိုက်မှုခံနေရခြင်းကြောင့် ထိန်းသိမ်းစောင့်ရှောက်ရန် အရေးတကြီးလိုအပ်နေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ငဟစ်ဝမ်းဖြူငှက်များသည် လက်ရှိတွင် ဧရာဝတီလင်းပိုင်၊ ကျားသစ်နှင့် အနီရောင်ပန်ဒါများထက်ပင် ရှားပါးနေပြီဖြစ်သလို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်မှုမရှိပါက ငါးနှစ်အတွင်း မျိုးသုဉ်းလုနီးပါးအခြေအနေဖြစ်လာနိုင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ (Xinhua)

………………………..
(English Version)
Critically endangered bird spotted in northern Myanmar
YANGON, May 4 (Xinhua) — A white-bellied heron, a critically endangered bird, was recently spotted in Kachin State of northern Myanmar, the official Global New Light of Myanmar reported on Saturday.
Phong San Dakaw, a member of the Native Species Conservation and Identification (NSCI) in Myanmar, recently recorded the critically endangered species in Kachin State, according to the report.
The species is mainly found in Bhutan, Myanmar and India, the report cited an NSCI official U Thet Zaw Naing as saying.
U Thet Zaw Naing said local poachers hunt this bird and sell it for meat, resulting in only about 40 remaining in the Southeast Asian country, adding that they are only found in Kachin State and Sagaing Region in Myanmar.
The bird is currently rarer than the Irrawaddy dolphin, leopard and red panda in the country and could become extinct in five years if without protection, the report said.