Connect with us

Social, Education & Health

တရုတ်နိုင်ငံက ကပ်ရောဂါဖြစ်ပွားစဉ်အတွင်း ကောလိပ်မှ ဘွဲ့ရများအား အလုပ်အကိုင်ရှာဖွေခြင်းနှင့် ပညာထပ်မံသင်ကြားခြင်းများအတွက် ကူညီပေးမည်

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပီကင်းတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်အခမ်းအနားတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာန (MOE) က ကောလိပ်မှ ဘွဲ့ရများအတွက် COVID-19 ရောဂါဖြစ်ပွားနေစဉ်အတွင်း ပညာထပ်မံသင်ကြားခြင်း သို့မဟုတ် အလုပ်အကိုင်ရှာဖွေခြင်းများ လုပ်ဆောင်နိုင်ရန် လမ်းကြောင်းများ တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ တက္ကသိုလ်ပထမဘွဲ့ရများ၏ ဘွဲ့အစီအစဉ်များအနေဖြင့် စာရင်းသွင်းမှုအား တိုးချဲ့သွားမည် ဖြစ်ကြောင်းနှင့် နိုင်ငံ၏ မဟာဗျူဟာများအဖြစ် လုပ်ဆောင်မည့် ကဏ္ဍများနှင့် ပြည်သူများ၏ ကောင်းကျိုးအတွက် လတ်တလောလိုအပ်နေသောကဏ္ဍများအား ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း MOE ၏ ကြော်ငြာစာအရ သိရသည်။တက္ကသိုလ်များနှင့် ကောလိပ်များအနေဖြင့် ယခုနှစ် အငယ်တန်းကောလိပ်ကျောင်းသားများကို ပိုမို ဝင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ကြော်ငြာစာ၌ ဖော်ပြထားသည်။

တရုတ်နိုင်ငံအနေဖြင့် ကောလိပ်ဘွဲ့ရများ အလုပ်အကိုင်ရှာဖွေရေး လွယ်ကူစေရန် ကျောင်းဆရာလိုအပ်မှု ရှိသော အထက်တန်းကျောင်းများနှင့် မူလတန်းကျောင်းများတွင် အလုပ်ခန့်ထားမှု တိုးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် ဘွဲ့ရများအား ခေတ်မီ စိုက်ပျိုးရေးနှင့် အများပြည်သူဆိုင်ရာ လူမှုရေးဝန်ဆောင်မှုများ အပါအဝင် ကဏ္ဍများ၌ ပိုမို၍ အလုပ်အကိုင်ရှာဖွေရန် သို့မဟုတ် စီးပွားရေးလုပ်ငန်းများစတင်ရန် တိုက်တွန်း အားပေးသွားမည်ဖြစ်သည်။ထို့ပြင် ကောလိပ်ဘွဲ့ရများကို စစ်တပ်သို့ ဝင်ရောက်ရန်လည်း အားပေးသွားမည်ဟု ကြော်ငြာစာ၌ ဖော်ပြထားသည်။

အလုပ်အကိုင်ရှာဖွေရာတွင် လွယ်ကူမှုရှိစေရေးအတွက် အွန်လိုင်း အလုပ်အကိုင်ပြပွဲများ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဗိုင်းရပ်စ်ဖြစ်ပွားမှုအများဆုံး ဟူပေပြည်နယ်မှ ဘွဲ့ရများအတွက် အလုပ်ခန့်အပ်ခြင်းနှင့် ပညာထပ်မံသင်ကြားခြင်းများအတွက် ဦးစားပေး မူဝါဒများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ယခုနှစ်တွင် တရုတ်နိုင်ငံ၌ ကောလိပ်ဘွဲ့ရ စုစုပေါင်း ၈ ဒသမ ၇၄ သန်းရှိနိုင်ကြောင်း MOE ၏ အချက်အလက်များအရ သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.