ကျိုချွမ် ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက မိုးလေဝသဂြိုဟ်တုသစ် တစ်စင်းအား နိုင်ငံအနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဇွန် ၅ ရက် နံနက်ပိုင်းတွင် စီစဉ်ထားသည့်အတိုင်း ဂြိုဟ်ပတ်လမ်းအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။
ကူမင်း၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း လိုအပ်ချက်အရ ဇူလိုင် ၅ ရက် ၈ နာရီမှစ၍ ရွှေလီမြို့တွင်းနှင့် ဝမ်တိန်ဒေသ တို့တွင် အားလုံးလွှမ်းခြုံ Nucleic acidစစ်ဆေးမှုများပြုလုပ်မည်ဖြစ်ရာ အားလုံး အနေဖြင့် ရွှေလီမြို့သို့ အဝင်အထွက်မလုပ်ကြရန် ယူနန်ပြည်နယ် ရွှေလီမြို့ ကိုဗစ်ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ညွှန်ကြားမှုအဖွဲ့က ဇူလိုင်...
ပေကျင်း ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ(CPC) နှင့် ကမ္ဘာ့ပါတီများ ထိပ်သီးအစည်းအဝေးကို တရုတ်ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူးချုပ် နှင့် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ပေကျင်းမြို့မှနေ၍ ဗီဒီယိုလင့်ခ်မှတဆင့် ပါဝင် တက်ရောက်ကာ မိန့်ခွန်းပြောကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ဂျေရုစလမ် ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံထုတ် လုပ်ငန်းသုံး လျှပ်စစ်ဗန်ကားကြီးများ ပထမသုတ်ကို အစ္စရေးနိုင်ငံသို့ တင်ပို့၍ ရောင်းချခဲ့ရကြောင်း အစ္စရေးနိုင်ငံရှိ တရုတ်ကားတင်သွင်းသည့် လုပ်ငန်းကုမ္ပဏီက ဇူလိုင် ၄ ရက်တွင် ပြောကြားခဲ့သည်။
မနီလာ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Suluပြည်နယ်၌ ဇူလိုင် ၄ ရက်က ဖြစ်ပွားခဲ့သည့် စစ်လေယာဉ်ပျက်ကျမှုတွင် သေဆုံးသူ (၄၅)ဦးအထိ မြင့်တက်လာပြီး အခြား ဒဏ်ရာရသူ (၅၃)ဦး၊ ပျောက်ဆုံးနေဆဲဖြစ်သူ (၅)ဦး ရှိကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာနက ယင်းနေ့ညပိုင်းတွင် အတည်ပြု ပြောကြားခဲ့သည်။