Connect with us

Videos

သမ္မတရှီကျင့်ဖိန်၏ မြန်မာနိုင်ငံခရီးစဉ် အထူးကောက်နုတ်ချက်များ

ပေကျင်း၊ ဇန်နဝါရီ  ၂၀ ရက်(ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၇ ရက်တွင် တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်စီးနင်းလိုက်ပါလာသည့် အထူးလေယာဉ် မြန်မာ့လေကြောင်းပိုင်နက်အတွင်းဝင်ရောက်လာချိန်တွင် မြန်မာ့တပ်မတော်(လေ)မှ fighter jet နှစ်စီးကခြံရံကာ ကြိုဆို နှုတ်ဆက်ခဲ့သည်။သမ္မတရှီကျင့်ဖိန် နေပြည်တော်သို့ရောက်ရှိရာ မြန်မာနိုင်ငံဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဝန်ကြီးများက လေဆိပ်တွင် နွေးထွေးပျူငှာစွာကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

သမ္မတရှီကျင့်ဖိန်ဖြတ်သန်းသွားသော ခရီးလမ်းကြောင်းတစ်လျှောက်တွင် မြန်မာကျောင်းသားလူငယ်များက တရုတ်-မြန်မာ နှစ်နိုင်ငံအလံများကိုကိုင်ဆောင်၍ တရုတ်-မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည်ပါစေကြောင်း ဆုတောင်းကာ နှုတ်ဆက်ခဲ့ကြသည်။ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတဦးဝင်းမြင့် က သမ္မတရှီကျင့်ဖိန် အား အလေးပြုခံစင်မြင့်ထက်တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် နိုင်ငံတော်အဆင့်ကြိုဆိုဂုဏ်ပြုခဲ့သည်။

သမ္မတရှီကျင့်ဖိန်သည် မြန်မာနိုင်ငံ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့သည်။တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

သမ္မတရှီက နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် (၇၀) ပြည့်အထိမ်းအမှတ်အခါသမယနှင့် ပေါက်ဖော်ချစ်ကြည် ဆက်ဆံရေး၏ အထူးအရေးပါသည့်ကာလနှင့်အတူ နှစ်နိုင်ငံ နက်ရှိုင်းစွာ အကျိုးတူ ပူးပေါင်းရန်အလို့ငှာ ယခုနှစ်အတွက် ၎င်း၏ ပထမဆုံးနိုင်ငံရပ်ခြားချစ်ကြည်ရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

ရှီက ရပ်ဝန်းနှင့်ပိုးလမ်းမ၏ မူဘောင်နှင့်အညီ ဒေသခံများကို အကျိုးကျေးဇူးများစွာရှိစေပြီး အောင်မြင် ပျော်ရွှင်မှုကိုဆောင်ကြဉ်းပေးနိုင်သည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ အဓိကကျသည့် တည်ဆောက်ရေး စီမံကိန်းများကို တရုတ်နိုင်ငံအနေဖြင့်  မြန်မာနိုင်ငံနှင့်အတူ လက်တွဲပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လိုပါကြောင်းပြောကြားခဲ့သည်။ရှီ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ပြည်ထောင်စုလွှတ်တော်နာယက နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးတီခွန်မြတ် နှင့်  အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးမန်းဝင်းခိုင်သန်း တို့ နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

သမ္မတရှီကျင့်ဖိန်နှင့် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူး ခဲ့ကြသည်။သမ္မတရှီကျင့်ဖိန် မြန်မာနိုင်ငံသို့ရောက်ရှိစဉ်တွင် “မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့်အထိမ်းအမှတ် အခမ်းအနားနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ် စတင်ခြင်း” နိုင်ငံတော်အဆင့် အခမ်းအနားသို့တက်ရောက်ချီးမြှင့်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၈ ရက်တွင် သမ္မတရှီကျင့်ဖိန်သည်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်။ရှီက နှစ်နိုင်ငံအနေဖြင့် တရုတ်-မြန်မာ ကံကြမ္မာအကျိုးတူအသိုက်အဝန်းတစ်ခုကိုအတူလက်တွဲဖော်ဆောင်ရန် နှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ချစ်ကြည်ရင်းနှီးမှု ခေတ်သစ်တစ်ခုဆီသို့တက်လှမ်းနိုင်ရန် ရည်ရွယ်ပါကြောင်း ဆိုသည်။

တရုတ်- မြန်မာ နှစ်နိုင်ငံ အကျိုးတူပူးပေါင်းရာတွင်ပထမအဆင့်အနေဖြင့် နှစ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု မူဘောင်များကိုအရှိန်မြှင့်တင်‌ရမည်ဖြစ်ပြီး တရုတ်-မြန်မာစီးပွားရေးစင်္ကြံကိုတည်ဆောက်ရန်ပိုမိုလုံ့လစိုက်ထုတ်သင့်သည်။ဒုတိယအနေဖြင့်နှစ်နိုင်ငံ အချိတ်အဆက်မိမိဖြင့်ပူးပေါင်းဆောင်ရွက်မှုများကိုအထူး အလေးထားဆောင်ရွက် သင့်သည်။တတိယအနေဖြင့် တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံသည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်သင့်ပြီး ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကိုလည်းမြှင့်တင်သင့်သည်။

စတုတ္ထအနေဖြင့် တရုတ်မြန်မာနှစ်နိုင်ငံပြည်သူအချင်းချင်း ယဉ်ကျေးမှုအချင်းချင်း နက်ရှိုင်းစွာ အပြန်အလှန်ဖလှယ်ကာ ပြည်သူအချင်းချင်း နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကိုမြှင့်တင်သင့်သည်။သမ္မတရှီကျင့်ဖိန်၏ ခရီးစဉ်အတွင်း  တရုတ်-မြန်မာ နှစ်နိုင်ငံ က ပူးတွဲကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

သမ္မတရှီကျင့်ဖိန်သည် မြန်မာနိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။သမ္မတရှီကျင့်ဖိန်က တရုတ်နှင့်မြန်မာနှစ်နိုင်ငံသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ် ကို ဦးဆောင်ဦးရွက်ပြုခဲ့ကြသည့် နိုင်ငံများဖြစ်ကြောင်းပြောကြားခဲ့သည်။

သမ္မတရှီက နှစ်နိုင်ငံအနေဖြင့် အပြန်အလှန်နားလည်မှု နှင့်အတူ အကူအညီများ အပြန်အလှန် ပေးအပ်ကြမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်မှုကိုအဓွန့်ရှည်စေမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအနေဖြင့် မိမိတို့၏ အချုပ်အခြာအာဏာ ပိုင်နက်နယ်မြေများကိုတင်းတင်းကြပ်ကြပ် စောင့်ရှောက် ကာကွယ်ပြီး လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊မိမိတို့၏ တရားဝင်ဖြစ်တည်မှု အခွင့်အရေး နှင့် ဘုံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေးအခြေခံစံနှုန်းများနှင့်အညီ ကျင့်သုံးသွားကြမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.