Connect with us

Asia

မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးဆွေးနွေးပွဲမှ အပြုသဘောဆောင်သည့်ရလဒ်များ ထွက်ပေါ်လာရန် တောင်ကိုရီးယားမျှော်လင့်

ဆိုးလ် ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံသမ္မတအိမ်ပြာတော်က မြောက်ကိုရီးယားနိုင်ငံ နှင့် အမေရိကန်နိုင်ငံ တို့အကြား မကြာမီ ပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲမှ အပြုသဘောဆောင်သည့် ရလဒ်များထွက်ပေါ်လာရန် မျှော်လင့်ထားကြောင်း ဇွန်လ ၁ဝ ရက်တွင် ပြောကြားခဲ့သည်။

ထိပ်သီးဆွေးနွေးပွဲအောင်မြင်မှုရရှိစေရန် မြောက်ကိုရီးယား နှင့် အမေရိကန် နှစ်နိုင်ငံ ခေါင်းဆောင်တို့က ခိုင်မာသော စိတ်ဆန္ဒတစ်ခု ရှိကြောင်း နှင့် အပြုသဘောဆောင်သည့် ရလဒ်များထွက်ပေါ်လာရန် တောင်ကိုရီးယားနိုင်ငံက မျှော်လင့်ထားကြောင်း အမည်မဖော်လိုသူ တောင်ကိုရီးယားနိုင်ငံသမ္မတအိမ်ပြာတော်မှ အရာရှိတစ်ဦးက သတင်းသမားများအားပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်သည် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်နှင့်ပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲအတွက် စင်ကာပူနိုင်ငံသို့ နှစ်ရက်ကြိုတင်ကာ ဇွန်လ ၁ဝ ရက်တွင် ဆိုက်ရောက်လာခဲ့ကြောင်း သိရသည်။အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်သည် ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်နှင့်တွေ့ဆုံဆွေးနွေးရန် စင်ကာပူနိုင်ငံသို့ဇွန်လ ၁ဝ ရက် ညပိုင်းက ရောက်ရှိလာခဲ့သည်။မြောက်ကိုရီးယား-အမေရိကန် ပထမဆုံးအကြိမ် ထိပ်သီးအစည်းအဝေးကို စင်ကာပူနိုင်ငံ ဆန်တိုဆာကျွန်းပေါ်ရှိ Capella ဟိုတယ်၌ ဇွန်လ ၁၂ ရက် စင်ကာပူဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင် အနေဖြင့် ထိပ်သီးအစည်းအဝေးတက်ရောက်ရန် စင်ကာပူနိုင်ငံသို့သွားရောက်နိုင်ချေ ရှိမရှိ မေးမြန်းမှုနှင့်ပတ်သက်၍ တောင်ကိုရီးယားသမ္မတအိမ်ပြာတော်အရာရှိတစ်ဦးက သမ္မတမွန် အနေဖြင့် ခရီးဝေးသွားရန် အသေးစိတ်ကြိုတင်ပြင်ဆင်ထားမှု မရှိသည့်အတွက် စင်ကာပူနိုင်ငံသို့သွားရောက်နိုင်ချေမရှိကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.