Connect with us

North America

တီယူအာနာနှင့် ဆန် ဒီယာဂို နယ်စပ်ရှိ မူးယစ်ဆေးဝါး တရားမဝင်သယ်ယူသည့် လျှို့ဝှက်ဥမင်အား ရဲများ ရှာဖွေတွေ့ရှိ

အမေရိကန်နှင့် မက္ကဆီကို နယ်စပ်အကြား ချိတ်ဆက်ထားသည့် မြေအောက် လျှို့ဝွက် ဥမင်လိုဏ်ခေါင်းအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

မက္ကဆီကို စီးတီး၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆန် ဒီယာဂို (San Diego) မြို့နှင့် မက္ကဆီကိုနိုင်ငံ တီယူအာနာ (Tijuana) နယ်စပ်မြို့အကြား တရားမဝင် မူးယစ်ဆေးဝါးများ သယ်ယူရာတွင် အသုံးပြုသည့် လျှို့ဝှက်ဥမင် အား မက္ကဆီကိုနှင့် အမေရိကန် ရဲတပ်ဖွဲ့များက ရှာဖွေတွေ့ရှိခဲ့ကြောင်း မက္ကဆီကို ရှေ့နေချုပ်ရုံး( PGR) က ဧပြီလ ၂၃ ရက် ကကြေညာလိုက်သည်။

အဆိုပါ ကြေညာချက်တွင် မက္ကဆီကို ရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါးတရားမဝင် ကုန်သွယ်မှု တစ်ခုအား စုံစမ်း ဖော်ထုတ်နေစဉ်အတွင်း Baja California ပြည်နယ် အနောက်မြောက်ဘက်၌ ဥမင်လိုဏ်ခေါင်း တစ်ခုအား တွေ့ရှိခဲ့သည်။ ဗဟိုရှာဖွေရေးဝရမ်း ရရှိပြီးနောက် ရဲများက နေအိမ်တစ်ခုအတွင်းသို့ ဝင်ရောက်ရှာဖွေခဲ့ရာ အိပ်ခန်း တစ်ခုအတွင်း၌ လျှို့ဝှက်ဥမင် ဝင်ပေါက်အား တွေ့ရှိခဲ့သည်။

မူးယစ်ဂိုဏ်းအဖွဲ့ဝင်များက ထိုဥမင်လိုဏ်ခေါင်းအတွင်းသို့ မူးယစ်ဆေးဝါးများ လျှောချရန် ဓာတ်လှေကား တစ်စင်းတပ်ဆင်ထားပြီး လေဝင်လေထွက်နှင့် အလင်ရောင်ရရှိရန် တပ်ဆင်ထားသည်ကို တွေ့ရှိခဲ့သည်။ ယခု တွေ့ရှိခဲ့သည့် ဥမင်မှာ ကိုက် ၉၀၀ နီးပါး ရှည်လျားပြီး အနက် ၁၀ ပေခန့်နှင့် အကျယ် ၃ ပေခန့် ရှိကြောင်း သိရသည်။

အမေရိကန် အာဏာပိုင်များက ကိုကင်း တစ်တန်နှင့် ဆေးခြောက် ငါးတန် ဖမ်းမိခဲ့သည့် ကယ်လီဖိုးနီးယား ပြည်နယ် ဆန် ဒီယာဂို ရှိ Otay Mesa ဝန်းကျင်၌ အဆိုပါ ဥမင်၏ မြေပေါ်က အပေါက်အားသဲလွန်စ ရရှိခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.