Connect with us

North America

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်နှင့် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် တွေ့ဆုံမည်ဟု ထရမ့်ပြောကြား

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (ယာ) နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်တို့ ပထမအကြိမ် တွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) နှင့် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ဖေဖော်ဝါရီလ ၂၇ ရက်နှင့် ၂၈ ရက်တွင် ဒုတိယအကြိမ်မြောက် တွေ့ဆုံမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၈ ရက်က ပြောကြားလိုက်သည်။

မြောက်ကိုရီးယားနိုင်ငံသည် ခေါင်းဆောင် ကင်၏ ဦးဆောင်မှုအောက်တွင် ကြီးမားသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တွေ့ကြုံရမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။“ကျွန်တော်ရဲ့ ကိုယ်စားလှယ်တွေ မြောက်ကိုရီးယားကိုသွားပြီးတော့ အလွန်အကျိုးရှိတဲ့ အစည်းအဝေးလုပ်ခဲ့ပြီး ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးအတွက် အချိန်နဲ့ နေရာကို သဘောတူခဲ့ကြတယ်။ အစည်းအဝေးကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ဖေဖော်ဝါရီလ ၂၇ ရက်နဲ့ ၂၈ ရက်မှာ ပြုလုပ်ပါမယ်” ဟု ထရမ့်က တွစ်တာပေါ်၌ ရေးသားထားသည်။“ကင်ဂျုံအန်၏ ဦးဆောင်မှုအောက်မှာ မြောက်ကိုရီးယားက မဟာစီးပွားရေးနိုင်ငံတစ်နိုင်ငံ ဖြစ်လာမှာပါ” ဟု နောက်ထပ် ပို့စ်တစ်ခု၌ ထရမ့်က ရေးသားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.