Connect with us

North America

၂၀၂၀ အမေရိကန်ရွေးကောက်ပွဲအတွက် ဒေါ်လာ ၁၄ ဘီလီယံနီးပါးသုံးစွဲ ၊ ယခင်ရွေးကောက်ပွဲ နှစ်ခုပေါင်း ပမာဏထက်ပိုများနေ

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် အယ်လင်တန်မြို့၌ စက်တင်ဘာ ၂၉ ရက်က ပြုလုပ်သော သမ္မတလောင်း စကားစစ်ထိုးပွဲတွင် ဒေါ်နယ်ထရမ့်(ဝဲ) နှင့် ဂျိုးဘိုင်ဒန်(ယာ)တို့အားတွေ့ရစဉ်(ဓာတ်ပုံ- Michael Nagle/Xinhua)

ဝါရှင်တန် ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

သမ္မတရွေးကောက်ပွဲ နှင့် ကွန်ဂရက် ရွေးကောက်ပွဲ အပါအဝင် ၂၀၂၀ ပြည့်နှစ် အမေရိကန်ရွေးကောက်ပွဲ၏ စုစုပေါင်း အသုံးစရိတ်သည် အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံနီးပါးရှိလိမ့်မည်ဖြစ်ကြောင်း ယင်းပမာဏသည် ပြီးခဲ့သော အမေရိကန်ရွေးကောက်ပွဲ နှစ်ခုတွင် အသုံးပြုခဲ့သည့် စုစုပေါင်းငွေပမာဏထက် ပိုများနေကြောင်း မကြာသေးခင်ကပြုလုပ်သော စစ်တမ်းတစ်ခုအရ သိရသည်။

CRP နိုင်ငံရေးတုံ့ပြန်မှုများဆိုင်ရာစင်တာ၏ ခန့်မှန်းချက်တစ်ခုအရ နိုဝင်ဘာ ၃ ရက်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၀ ပြည့်နှစ် အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံကျော် ကျခံသုံးစွဲခဲ့ပြီး ၊ တစ်ချိန်တည်းမှာပင် ကွန်ဂရက်လွှတ်တော် ရွေးကောက်ပွဲအတွက် ငွေးကြေးထည့်ဝင်ထောက်ပံ့လှူဒါန်းမှုသည် အမေရိကန်ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံအထိ အမြင့်ဆုံးပမာဏသို့ ရောက်ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ဒီမိုကရက်တစ်ပါတီဘက်က ငွေကြေးသုံးစွဲမှု အများဆုံးပြုလုပ်ထားပြီး လက်ရှိအချိန်ထိ အမေရိကန်ဒေါ်လာ စုစုပေါင်း ၆ ဒသမ ၉ ဘီလီယံ အသုံးပြုထားကြောင်း နှင့် ရီပတ်ဘလီကန်ကိုယ်စားလှယ်လောင်းများနှင့် ထောက်ခံသောအုပ်စုဝင်များက အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ သုံးစွဲထားကြောင်း ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။

“၂၀၁၈ ခုနှစ် နှစ်လယ်ရွေးကောက်ပွဲမှာ အလှူရှင်တွေဟာ စံချိန်တင်ငွေကြေးထောက်ပံ့မှုပြုလုပ်ခဲ့ကြတယ်၊ အခု ၂၀၂၀ ရွေးကောက်ပွဲမှာလည်း အဲဒီအတိုင်းပဲ ဆက်လက်ပြီး အလုံးအရင်းနဲ့ငွေကြေးထောက်ပံ့လှူဒါန်းမှုပြုလုပ်နေပါတယ် ၊ ဒါပေမယ့် ကြည့်ရတာပိုများပါလိမ့်မယ်” ဟု CRP စင်တာ၏ အမှုဆောင်ညွှန်ကြားရေးမှူး Sheila Krumholz က ဆိုသည်။

ဒီမိုကရက်တစ်သမ္မတလောင်းဂျိုးဘိုင်ဒန်သည် အမေရိကန်နိုင်ငံသမိုင်းတွင် မဲဆွယ် ရံပုံငွေ ထောက်ပံ့လှူဒါန်းမှု ၁ ဘီလီယံအထိ ရရှိသော ပထမဆုံးသမ္မတလောင်းတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အောက်တိုဘာ ၁၄ ရက်အထိ ၎င်း၏ မဲဆွယ်အသုံးပြုငွေသည် အမေရိကန်ဒေါ်လာ ၉၃၈ သန်းအထိ စံချိန်တင်ပမာဏ ရှိခဲ့ကြောင်း သိရသည်။ လက်ရှိသမ္မတဒေါ်နယ်ထရမ့်သည် မဲဆွယ်ရံပုံငွေ ၅၉၆ သန်းအထိ ရရှိခဲ့ကြောင်း စစ်တမ်းတွင် ခန့်မှန်းထားသည်။

“ လွန်ခဲ့တဲ့ ဆယ်နှစ်က သမ္မတလောင်းမဲဆွယ်ပွဲအတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံအသုံးပြုဖို့ဆိုတာ တွေးကြည့်ဖို့တောင် သိပ်ကိုခက်ခဲလွန်းပါတယ် ၊ ဒီပွဲမှာတော့ နှစ်ဘီလီယံလောက် ကျွန်တော်တို့တွေ့မြင်ရဖို့ရှိပါတယ် ” ဟု Krumholz က ဆိုသည်။
တစ်ချိန်တည်းမှာပင် အမေရိကန်သမ္မတ(ဟောင်း) ဘရက်အိုဘားမားက သမ္မတလောင်းဂျိုးဘိုင်ဒန်အတွက် မဲဆွယ်မှုများပြုလုပ်ပေးခဲ့ပြီး တယ်လီဖုန်းမှတဆင့် ၈ လသားအရွယ် မွေးကင်းစ ကလေးမိခင်တစ်ဦးထံ ရွေးကောက်ပွဲအမှန်တကယ်နီးကပ်နေပြီဖြစ်၍ မဲသွားပေးရန် တိုက်တွန်းစကားပြောကြားခဲ့သည်။

လက်ရှိသမ္မတဒေါ်နယ်ထရမ့်က ကွန်ဂရက်ရွေးကောက်ပွဲပြီးနောက် ဆီးနိုတ်လွှတ်တော်တွင် ရီပတ်ဘလီကန်ပါတီက နေရာအများစု ဆက်လက်ထိန်းချုပ်ထားရန်မှာ အလွန်ခက်ခဲလိမ့်မည်ဖြစ်ကြောင်း ရီပတ်ဘလီကန်ပါတီအမာခံ GOP အလှူရှင်များအား ပြောကြားခဲ့သည်။ထရမ့် နှင့် ဘိုင်ဒန်တို့ နှစ်ဦးစလုံးသည် ယခုရွေးကောက်ပွဲတွင် အထက်လွှတ်တော် စုစုပေါင်း ၄၃၅ နေရာ နှင့် ဆီးနိုတ်လွှတ်တော် နေရာ ၁၀၀ အနက် လစ်လပ် ၃၅ နေရာအတွက် ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.