Connect with us

Media

ထိုင်းနိုင်ငံက တရုတ်-ထိုင်း ရထားလမ်း တည်ဆောက်မှုအရှိန်မြှင့်တင်မည်

ဘန်ကောက်၊ အောက်တိုလာ ၂၆ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံက အဆိုပြုထားသော ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) အောက်ရှိ နှစ်နိုင်ငံ အထင်ကရစီမံကိန်းတစ်ခုဖြစ်သော တရုတ်-ထိုင်း ရထားလမ်း တည်ဆောက်မှုကို အရှိန်မြှင့်တင်ရန် စီစဉ်ထားကြောင်း ထိုင်းဝန်ကြီးချုပ် ဆေထာ ထဝီဆင်က ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံအနေဖြင့် ဘန်ကောက်မှ Khon Kaen ၊ Nong Khai မြို့များအထိ ရထားလမ်းစနစ်တစ်ခု ဖန်တီးမည်ဖြစ်ကာ လမ်းကြောင်းအားလုံး တရုတ်နိုင်ငံဆီသို့ တိုးချဲ့သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၄ ရက် ညနေခင်းတွင် ပြုလုပ်သော ၂၀၂၄ ခုနှစ် ထိုင်းနိုင်ငံအနာဂတ် ခေါင်းစဉ်ဖြင့် ညစာစားပွဲ၌ ဆေထာက ပြောကြားခဲ့သည်။

ပြည်နယ်မြို့တော်များဖြစ်သော Khon Kaen နှင့် Nong Khai တို့သည် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းဒေသအထိ ရောက်ရှိမည့် သယ်ယူပို့ဆောင်ရေးအချက်အချာများအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ “ထောက်ပံ့သယ်ယူပို့ဆောင်ရေးဆိုတာက ထိုင်းနိုင်ငံအတွက် BRI ပူးပေါင်းဆောင်ရွက်မှုအဖြစ် မှတ်ယူထားတဲ့ အရေးပါတဲ့ကိစ္စရပ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ပြီးတော့ ထိုင်းနိုင်ငံက ပြည်တွင်း ရထားလမ်းတွေနဲ့ ဒေသတွင်း အထင်ကရ BRI စီမံကိန်းတစ်ခုဖြစ်တဲ့ တရုတ်-လာအိုရထားလမ်းကြား ဆက်သွယ်မှုကို မြှင့်တင်ပေးမှာပါ” ဟု ဆေထာက ယခုလအစောပိုင်းက တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်မသွားမီ ဆင်ဟွာနှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့သည်။ ဝန်ကြီးချုပ် ဆေထာသည် တတိယအကြိမ်မြောက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရပ်ဝန်းနှင့် ပိုးလမ်းမဖိုရမ်ကိုလည်း တက်ရောက်ခဲ့သည်။ တရုတ်-ထိုင်းရထားလမ်းသည် အာရှဖြတ်ကျော် ရထားလမ်းကွန်ရက်၏ အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံ၏ ပထမဆုံး မြန်နှုန်းမြင့်ရထားလမ်းဖြစ်လာမည်ဖြစ်သည်။ (Xinhua)

……………………………….
(English Version)
Thailand to accelerate construction of the China-Thailand railway: PM
BANGKOK, Oct. 25 (Xinhua) — Thailand plans to speed up the construction of the China-Thailand railway, a bilateral flagship project under the China-proposed Belt and Road Initiative (BRI), Thai Prime Minister Srettha Thavisin has said.
Thailand will create a rail system from Bangkok to Khon Kaen, Nong Khai, and extends all the way to China, Srettha said during the live dinner talk of Thailand’s future 2024 on Tuesday evening.
The two provincial capital cities of Khon Kaen and Nong Khai are both regarded as transport hubs leading up to Thailand’s northeastern region.
“Logistics is one of the significant issues for Thailand regarding BRI cooperation and Thailand will enhance the connection between its domestic railways and the China-Laos Railway, a flagship BRI project in the region,” Srettha said in an interview with Xinhua before his official visit to China earlier this month, during which he also attended the third Belt and Road Forum for International Cooperation.
The China-Thailand railway, an important part of the trans-Asian railway network, will be Thailand’s first standard-gauge high-speed railway.