Connect with us

Media

ဝမ်ရိနှင့် နီပေါနိုင်ငံ ဒုတိယသမ္မတ Ram Sahay Prasad Yadav တွေ့ဆုံ

ကူမင်း၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် နီပေါနိုင်ငံ ဒုတိယသမ္မတ Ram Sahay Prasad Yadav နှင့် ဩဂုတ် ၁၆ ရက်က သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

နီပေါနိုင်ငံ ဒုတိယသမ္မတသည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပလျက်ရှိသော တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသို့ ပါဝင်တက်ရောက်နေခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံရာတွင် နီပေါနိုင်ငံ ဒုတိယသမ္မတ Yadav က နီပေါနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအား နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင် ဦးစားပေးနေရာ၌ အစဉ်အမြဲထားရှိကြောင်း၊ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အခိုင်အမာ ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း၊ ၎င်းတို့၏ နိုင်ငံရေးကတိကဝတ်များကိုလည်း လိုက်နာသွားမည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံအား ဆန့်ကျင်သောဆောင်ရွက်များအတွက် ၎င်းတို့၏ နယ်မြေကို မည်သည့်အင်အားစုကိုမျှ အသုံးပြုခွင့်ပေးမည်မဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိက တရုတ်နိုင်ငံအနေဖြင့် နီပေါနိုင်ငံက ၎င်းတို့၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအကျိုးစီးပွားများကို ထိန်းသိမ်းခြင်း၊ ၎င်းတို့၏ နိုင်ငံရေးအခြေအနေများနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို လျှောက်လှမ်းခြင်း၌ အခိုင်အမာ ဆက်လက်ထောက်ခံမည်ဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။ ထို့နောက် တရုတ်နိုင်ငံက နီပေါနိုင်ငံနှင့်အတူ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်နိုင်ငံဆက်ဆံရေး တည်ဆောက်လိုကြောင်း ဝမ်က ဆိုသည်။ (Xinhua)

………………………………
(English Version)
Wang Yi meets official from Nepal
KUNMING, Aug. 16 (Xinhua) — Wang Yi, director of the Office of the Central Commission for Foreign Affairs, on Wednesday held separate meeting with Nepalese Vice President Ram Sahay Prasad Yadav.
The foreign official is attending the seventh China-South Asia Expo in Kunming, southwest China’s Yunnan Province.
Yadav said that Nepal has always considered relations with China to be a priority in its foreign policy, and it will continue to firmly pursue the one-China policy, adhere to its political commitments, and never allow any force to use its territory for anti-China activities.
In response, Wang said China will continue to firmly support Nepal in safeguarding its sovereignty, security and development interests, and in taking a development path suited to its own national conditions. China is willing to work with Nepal to build a strategic partnership of cooperation.
Photo: Wang Yi, director of the Office of the Central Commission for Foreign Affairs and a member of the Political Bureau of the Communist Party of China Central Committee, meets with Nepalese Vice President Ram Sahay Prasad Yadav in Kunming, southwest China’s Yunnan Province, Aug. 16, 2023. (Xinhua/Hu Chao)