Connect with us

Africa & Middle East

အစ္စရေး ၂၀၀ ကျော် ဖမ်းဆီးထားဟု ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့က ဆို၊ ဟားမက်စ်၏ စစ်ရေးစွမ်းရည်ကို ဖျက်ဆီးသွားမည်ဟု အစ္စရေးပြောကြား

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ခန်ယွန်းနစ်မြို့တွင် အစ္စရေးတိုက်ခိုက်မှုအပြီး ပြိုကျပျက်စီးနေသည့် အဆောက်အဦများကြားတွင် ဒဏ်ရာရသူများအား ကယ်ဆယ်နေသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့က အစ္စရေးနိုင်ငံသား ၂၀၀ မှ ၂၅၀ ဦးအထိ ဖမ်းဆီးထားကြောင်း၊ လွန်ခဲ့သည့်ရက်က ဂါဇာဒေသကို အစ္စရေး စစ်တပ် လေကြောင်းတိုက်ခိုက်မှုအတွင်း ၂၂ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း အစ္စလာမ်တော်လှန်ရေးလှုပ်ရှားမှု ဟားမက်စ်အဖွဲ့၏ လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော Al-Qassam က အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ခန်ယွန်းနစ်မြို့တွင် အစ္စရေးတိုက်ခိုက်မှုအပြီး ပြိုကျပျက်စီးနေသည့် အဆောက်အဦများကြားတွင် ဒဏ်ရာရသူများအား ကယ်ဆယ်နေသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ခန်ယွန်းနစ်မြို့တွင် အစ္စရေးတိုက်ခိုက်မှုအပြီး ပြိုကျပျက်စီးနေသည့် အဆောက်အဦများကြားတွင် ဒဏ်ရာရသူများအား ကယ်ဆယ်နေသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စရေးက ဟားမက်စ်၏ စစ်ရေးနှင့် စီမံခန့်ခွဲနိုင်စွမ်းကို ဖျက်ဆီးရန် သန္နိဋ္ဌာန်ချထားသည်ဟု ဝန်ကြီးချုပ် နေတန်ယာဟုက ရုရှားသမ္မတ ပူတင်နှင့် ဖုန်းဖြင့် ဆက်သွယ်စဉ် ပြောကြားခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားသည့် အစ္စရေးနိုင်ငံသား ၂၀၀ မှ ၂၅၀ ဦး အထိရှိပြီး Al-Qassam ဖမ်းဆီးထားသူ ၂၀၀ ခန့် ရှိကြောင်း၊ ထိုလူများကို နိုင်ငံတကာဥပဒေနှင့်အညီထားရှိကြောင်း Al-Qassam က အောက်တိုဘာ ၁၆ ရက် ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အစ္စရေးစစ်တပ်၏ ဂါဇာဒေသ မြေပြင်စစ်ဆင်ရေးကို ရင်ဆိုင်ရန် အသင့်ပြင်ပြီး ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အစ္စရေး၏တိုက်ခိုက်မှုကြောင့် ဂါဇာဒေသတွင် သေဆုံးသူ ၂,၇၇၈ ဦး ၊ ဒဏ်ရာရသူ ၉,၉၃၈ ဦး ရှိပြီ ဖြစ်ကြောင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၁၆ ရက် ညနေပိုင်း ထုတ်ပြန်သည့် ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

ပဋိပက္ခအတွင်း အစ္စရေးနိုင်ငံသား ၁,၄၀၀ ကျော် သေဆုံးခဲ့ကြောင်း အစ္စရေးဘက်က ထုတ်ပြန်သည့် ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

အမေရိကန်သမ္မတ ဘိုင်ဒန်သည် အောက်တိုဘာ ၁၈ ရက်တွင် အစ္စရေးသို့ လာရောက်မည် ဖြစ်သည်ဟု အစ္စရေးသို့ ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က အောက်တိုဘာ ၁၆ ရက်၌ ပြောကြားခဲ့သည်။ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးအထောက်အပံ့ပစ္စည်းများ ဂါဇာဒေသသို့ ပို့ဆောင်နိုင်ရန် အစ္စရေးအနေဖြင့် အမေရိကန်နှင့်အတူ အစီအစဉ်ရေးဆွဲရန် သဘောတူညီခဲ့သည်ဟု ဘလင်ကန်က ပြောကြားခဲ့သည်။

ရုရှားသမ္မတ ပူတင်က အောက်တိုဘာ ၁၆ ရက်တွင် ဆီးရီးယား သမ္မတ Bashar al-Assad ၊ အီရန် သမ္မတ Ebrahim Raisi၊ ပါလက်စတိုင်း သမ္မတ Mahmoud Abbas၊ အီဂျစ်သမ္မတ Abdel Fattah El-Sisi တို့နှင့် ဖုန်းဖြင့် အသီးသီး ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း ရုရှားသမ္မတရုံးဝက်ဘ်ဆိုက်၏ သတင်းများအရ သိရသည်။ ထိုသို့ ဆွေးနွေးရာ၌ ပဋိပက္ခ ဖြစ်ပွားသူများက အမြန်ဆုံး အပစ်အခတ်ရပ်စဲရမည် ဖြစ်ပြီး လိုအပ်သူများ အားလုံးအတွက် အရေးပေါ်အကူအညီများပေးအပ်နိုင်ရေး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စစ်ပွဲရပ်နားမှုလုပ်ဆောင်ရမည်ဖြစ်သည်ဟု ဘက်ပေါင်းစုံက ယူဆကြကြောင်း သိရသည်။

အပစ်အခတ်ရပ်စဲရေးနှင့် အခြေအနေများ တည်ငြိမ်ရေးကို အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရေးအတွက် ရုရှားအနေဖြင့် အပြုသဘောဆောင်သည့် မိတ်ဖက်များနှင့်အတူ ကြိုးပမ်းသွားရန် ဆန္ဒရှိကြောင်း ပူတင်က ပြောကြားခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး အော်စတင် က တပ်ဖွဲ့ဝင် ၂,၀၀၀ ခန့် ရှိသည့် တပ်ဖွဲ့အား အစ္စရေးတွင် ဖြန့်ကျက်ရေး အသင့်ပြင်ထားရန် အမိန့်ပေးခဲ့ကြောင်း အမေရိကန် သတင်းမီဒီယာများက အောက်တိုဘာ ၁၆ ရက်တွင် သတင်းဖော်ပြထားသည်။ အဆိုပါအဖွဲ့သည် အစ္စရေးအနီး ပင်လယ်ပြင်သို့ သွားရောက်နေပြီဖြစ်ပြီး အချို့တပ်ဖွဲ့ဝင်အင်အားများက အစ္စရေးနိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်ကြောင်း၊ အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုတွင် အကြံပေးနှင့် ထောက်ပို့ရေးပံ့ပိုးရန်အတွက် ဖြစ်ပြီး စစ်ဆင်ရေး၌ ပါဝင်မည်မဟုတ်ကြောင်း သိရသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက ရုရှားအဆိုပြုသည့် ဂါဇာဒေသ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို အောက်တိုဘာ ၁၆ ရက် ညပိုင်းတွင် မဲခွဲဆုံးဖြတ်ခဲ့ရာ၌ ထောက်ခံမဲ ၅ မဲ၊ ကန့်ကွက်မဲ ၄ မဲ၊ ကြားနေမဲ ၆ မဲဖြင့် အတည်မပြုနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………
(Chinese Version)
巴武装组织称扣押200余名以方人员 以说将摧毁哈马斯军事能力
新华社北京10月17日电综合新华社驻外记者报道:巴勒斯坦伊斯兰抵抗运动(哈马斯)下属武装派别卡桑旅16日说,巴武装组织扣押200至250名以色列人员,以军日前对加沙地带的空袭已造成其中22人死亡。以色列总理办公室16日说,总理内塔尼亚胡当天同俄罗斯总统普京通话时表示,以方决心摧毁哈马斯的军事和治理能力。
卡桑旅16日晚发表声明说,巴武装组织扣押200至250名以色列人员,其中卡桑旅扣押约200人,武装组织依照国际法对待这些以方人员。声明还说,已做好准备应对以军地面部队进攻加沙地带。
加沙地带卫生部门16日下午发布的数据显示,以色列袭击加沙地带已造成2778人死亡、9938人受伤。以色列方面数据显示,1400余名以色列人在冲突中死亡。
正在访问以色列的美国国务卿布林肯16日说,美国总统拜登将于18日访问以色列。布林肯还说,以色列已同意与美国共同制定计划,使国际人道主义救援物资能运抵加沙地带。
据俄罗斯总统网站消息,俄总统普京16日分别同叙利亚总统巴沙尔、伊朗总统莱希、巴勒斯坦总统阿巴斯、埃及总统塞西通电话。各方一致认为,冲突方必须尽快停火,实行人道主义休战,以便向一切有需要的人提供紧急援助。普京表示,俄方愿与所有建设性伙伴共同努力,以实现尽快停火和局势稳定。
美国媒体16日报道,美国国防部长奥斯汀命令一支约2000人的快速反应部队做好在以色列部署的准备。这支部队已前往以色列附近海域,部分兵力可能进入以境内,在以军的军事行动中担任顾问并提供后勤保障,但不参与作战。
联合国安理会16日晚就俄罗斯起草的关于加沙人道问题的决议草案进行表决,表决结果为5票赞成、4票反对、6票弃权,该草案未获通过。
1. 10月16日,在加沙地带南部城市汗尤尼斯,人们在遭以色列袭击后的建筑废墟中救援伤者。