Connect with us

China

တရုတ်နိုင်ငံ ရဲတပ်ဖွဲ့အကြီးအကဲနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်တို့ ၂၀၂၄ ခုနှစ် ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်‌ရှောင်ဟုန်သည် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်အား ပေကျင်းမြို့တွင် ဧပြီ ၂၆ ရက်က လက်ခံတွေ့ဆုံခဲ့သည်။ နှစ်နိုင်ငံအနေဖြင့် အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော ပူးပေါင်းဆောင်ရွက်မှု စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်သလို နှစ်နိုင်ငံခေါင်းဆောင်များမှ ရရှိထားသော သဘောတူညီချက်များကို အကောင်အထည်ဖော်ရမည်ဖြစ်ကာ မူးယစ်ဆေးဝါးထိန်းချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရမည်ဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။ (Xinuha)
အပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/S1d

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်တို့ ၂၀၂၄ ခုနှစ် ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………..
(English Version)
China’s police chief meets U.S. secretary of state
BEIJING, April 26 (Xinhua) — Chinese State Councilor and Minister of Public Security Wang Xiaohong met with U.S. Secretary of State Antony Blinken in Beijing on Friday. Wang said the two sides should adhere to the principles of mutual respect, peaceful coexistence and win-win cooperation, implement the consensus reached by the two heads of state, and promote bilateral cooperation in terms of both drug control and law enforcement.
Photo: Chinese State Councilor and Minister of Public Security Wang Xiaohong meets with U.S. Secretary of State Antony Blinken in Beijing, capital of China, April 26, 2024. (Xinhua/Yin Bogu)