Connect with us

Europe

အမေရိကန်၏ “ကြိုတင်မှန်းဆမရနိုင်သော” အရေးယူပိတ်ဆို့မှု မူဝါဒအပေါ် စိုးရိမ်ပူပန်ကြောင်း ရုရှားပြော

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ ကက်ပီတိုလွှတ်တော်အဆောက်အဦအား ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသည် ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များ၏ အကျိုးဆက်များကို လျှော့ချနိုင်ရန် လုပ်ဆောင်နေချိန်အတွင်းမှာပင် အရေးယူပိတ်ဆို့ခြင်းနှင့်ပတ်သက်၍ အမေရိကန်၏ အမူအကျင့်အပေါ် “ ကြိုတင်မှန်းဆမရနိုင်”သဖြင့် လွန်စွာစိုးရိမ်မကင်းဖြစ်ရကြောင်း ကရင်မလင်နန်းတော်က ဖေဖော်ဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က နိုင်ငံတကာလှုပ်ရှားမှုနယ်ပယ်တွင် ဆက်လက်တည်ရှိနေသည့် အမေရိကန်၏ ကြိုတင်မှန်းဆမရနိုင်သော ဒဏ်ခတ်အရေးယူပိတ်ဆို့မှု အမူအကျင့်အပေါ် ရုရှား၏ စိုးရိမ်ပူပန်မှုအား ရှင်းလင်းပြောကြားခဲ့သည်ဟု ရုရှားပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

အမေရိကန်ဒေါ်လာဖြင့် ငွေကြေးအလွှဲအပြောင်းလုပ်ခြင်းကို ဖြစ်နိုင်ချေရှိသည့် တားဆီးမှုပြုလုပ်ရန်အတွက် ရုရှားနိုင်ငံက ကြိုတင်ပြင်ဆင်ထားပါသလားဟူသော မေးခွန်းအားပြန်လည်ဖြေကြားရာတွင် ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ Peskov က “ ဖြစ်လာနိုင်တဲ့ဘေးအန္တရာယ်တွေကို ရှောင်လွှဲတားဆီးဖို့ နဲ့ မှန်းဆလို့မရတဲ့ အရေးယူပိတ်ဆို့မှုလိုမျိုး အကျိုးဆက်တွေကို လျှော့ချဖို့ အစီအစဉ်တွေချမှတ်ထားတာ ရှိပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဥရောပတိုက်တွင် တင်းမာမှုများကို မြင့်တက်စေသည့် ၎င်း၏ ရန်စသော အပြုအမူများကို အမေရိကန်အနေဖြင့် စွန့်လွှတ်ရန် ရုရှားနိုင်ငံက နောက်ထပ် တစ်ဖန်တိုက်တွန်းကြောင်း Peskov က ဆိုသည်။ (Xinhua)

——————————
(English Version)
Kremlin concerned over Washington’s “unpredictale” sanctions policy

MOSCOW, Feb. 2 (Xinhua) — Moscow was strongly concerned about the “unpredictability” of Washington’s behavior with regard to sanctions while working to minimize the consequences of potential risks, the Kremlin said Wednesday.

Kremlin spokesman Dmitry Peskov explained that Moscow’s concerns were justified by “Washington’s unpredictable sanctions behavior,” which continues in the international arena, according to local media reports.

“There are plans aimed at hedging risks and minimizing the consequences of such unpredictable actions,” Peskov said when asked if Russia was preparing for a possible ban on transactions in U.S. dollars.

Peskov said that Moscow once again urges Washington to abandon its provocative actions, which have escalated tensions on the European continent.
Photo taken on Sept. 17, 2021 shows the U.S. Capitol building, seen through a barrier fence, in Washington, D.C., the United States. (Xinhua/Liu Jie)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.