Connect with us

North America

အောကပ်စ် (AUKUS) သဘောတူညီချက်က ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် “အန္တရာယ်” ဖြစ်ကြောင်း ယူကေ အလုပ်သမားပါတီဝင်များ ကြေညာ

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် (ဝဲ) နှင့် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်တို့စကားပြောနေသည်ကို ဇွန် ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Andrew Parsons/No 10 Downing Street/Handout via Xinhua)

လန်ဒန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံရှိ အဓိက အတိုက်အခံပါတီဖြစ်သော အလုပ်သမားပါတီ (Labour Party) က အမေရိကန်၊ ဗြိတိန်နှင့် ဩစတြေးလျ သုံးနိုင်ငံကြား လုံခြုံရေးသဘောတူညီချက်အသစ် ဖြစ်သည့် အောကပ်စ် (AUKUS) သဘောတူညီချက်အား “ကမ္ဘာ့ငြိမ်းချမ်းရေးကို ယုတ်လျော့စေမယ့် အန္တရာယ်ရှိသော အရွေ့” အဖြစ် ဖော်ပြထားသည့် အရေးပေါ်ကြေညာချက်ကို စက်တင်ဘာ ၂၇ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ အရေးပေါ်ကြေညာချက်ကို ကိုယ်စားလှယ်များက ပါတီ၏ နှစ်ပတ်လည်ညီလာခံအတွင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“အောကပ်စ် သဘောတူညီချက်ဟာ နျူကလီးယားလက်နက်ပြိုင်ပွဲနဲ့ စစ်အေးတိုက်ပွဲအသစ် စတင်နေတာဖြစ်ပါတယ်။ ဒါကိုဆန့်ကျင်ဖို့ ကျွန်တော်တို့ထုတ်ဖော်ပြောဆိုရမှာပါ” ဟု Labour ခေါင်းဆောင်ဟောင်း Jeremy Corbyn က စက်တင်ဘာ ၂၆ ရက်က တွစ်တာ၌ ရေးသားထားသည်။

ယခုလအစောပိုင်း၌ ကြေညာခဲ့သော အောကပ်စ် သဘောတူညီချက်သည် စိုးရိမ်မှုများနှင့် အငြင်းပွားဖွယ်ရာ ပျံ့နှံ့လျက်ရှိသည်။ အောကပ်စ်သဘောတူညီချက်အရ ပထမဆုံးကနဦးဆောင်ရွက်ချက်အဖြစ် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်းအား ဩစတြေးလျနိုင်ငံသို့ ပေးအပ်သွားမည်ဖြစ်ကြောင်း သုံးနိုင်ငံက ကြေညာခဲ့သည်။

သုံးနိုင်ငံ သဘောတူညီချက်အရ နျူကလီးယားကိရိယာများနှင့် နည်းပညာများ ပြန့်ပွားမှုနှင့်ပတ်သက်၍ နိုင်ငံတကာစိုးရိမ်မှုများဖြစ်ပေါ်နေသည့်ကြားမှ ကမ္ဘာလုံးဆိုင်ရာ နျူကလီးယား စောင့်ကြည့်ရေးအဖွဲ့ဖြစ်သော နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) ကလည်း ၎င်း၏စိုးရိမ်မှုကို ပြောကြားခဲ့သည်။

“IAEA က ဥပဒေပြဋ္ဌာန်းထားချက်နဲ့ အေဂျင်စီနဲ့ သူတို့ (ဩစတြေးလျ၊ အမေရိကန်နဲ့ ဗြိတိန်) အသီးသီး ထိန်းသိမ်းစောင့်ရှောက်ရမယ့် သဘောတူညီချက်တွေအရ ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့နဲ့ ဆွေးနွေးသွားမှာပါ” ဟု IAEA က မကြာသေးမီက ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။ (Xinhua)

————————————
(English Version)
UK’s Labour Party members declare AUKUS deal “dangerous” to world peace
Source: Xinhua| 2021-09-28 01:27:54|Editor: huaxia
LONDON, Sept. 27 (Xinhua) — Britain’s main opposition Labour Party on Monday passed an emergency motion that described the new security pact among the United States, Britain and Australia, known as AUKUS, as a “dangerous move that will undermine world peace.”
During the party’s annual conference, delegates passed the emergency motion.
“AUKUS is starting a new nuclear arms race and cold war. We must keep speaking out against it,” said former Labour leader Jeremy Corbyn on Twitter on Monday.
The AUKUS pact, announced earlier this month, has triggered widespread concerns and criticism. The three countries announced that the first initiative under AUKUS is to deliver a nuclear-powered submarine fleet to Australia.
The International Atomic Energy Agency (IAEA), a global nuclear watchdog, has voiced concern amid international worries about the proliferation of nuclear materials and technologies in response to the trilateral deal.
“The IAEA will engage with them (Australia, the United States and Britain) on this matter in line with its statutory mandate, and in accordance with their respective safeguards agreements with the Agency,” it said in a recent statement. Enditem
Photo : British Prime Minister Boris Johnson (L) talks with U.S. President Joe Biden after their meeting in Carbis Bay, Cornwall, Britain, on June 10, 2021. (Andrew Parsons/No 10 Downing Street/Handout via Xinhua)