Connect with us

Europe

အမေရိကန်နိုင်ငံ၏ ရန်ပုံငွေဖြင့် တည်ဆောက်ထားသော ဇီဝစစ်ဘက်သုံးဓာတ်ခွဲခန်းများမှ လူကိုသေစေနိုင်သည့် နမူနာများကို ယူကရိန်းက ဖျက်ဆီးခဲ့ကြောင်း ရုရှားပြော

ယူကရိန်းနိုင်ငံ ကိဗ်မြို့ ကောင်းကင်ယံတွင် မီးခိုးများအား ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ မတ် ၉ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံမှ အာဏာပိုင်များသည် နိုင်ငံအတွင်း အမေရိကန်၏ ရန်ပုံငွေဖြင့်တည်ဆောက်ထားသော ဓာတ်ခွဲခန်းများ၌ ထိန်းသိမ်းထားသည့် လူကိုသေစေနိုင်သော ရောဂါများဖြစ်ပွားစေသည့် အန္တရာယ်ရှိရောဂါကူးစက်ပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၈ ရက်၌ အတည်ပြုပြောကြားခဲ့သည်။ဝန်ကြီးဌာနက ယူကရိန်း ဇီဝဓာတ်ခွဲခန်းများရှိ ဝန်ထမ်းများထံမှ လက်ခံရရှိထားသော အထောက်အထားအရ ဖေဖော်ဝါရီ ၂၄ ရက်တွင် ပလိပ်၊ ထောင့်သန်းနာ၊ tularemia ၊ ကာလဝမ်းရောဂါနှင့် အခြား လူကိုသေစေနိုင်သော ရောဂါများ ကဲ့သို့ အန္တရာယ်ရှိရောဂါဖြစ်ပွားစေသောပစ္စည်းနမူနာများကို လတ်တလောဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

အဆိုပါ ဓာတ်ခွဲခန်းများအား အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ ရန်ပုံငွေဖြင့် တည်ဆောက်ထားခြင်းဖြစ်ကြောင်းနှင့် ဇီဝလက်နက်များ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့က ကုလသမဂ္ဂ ဇီဝလက်နက်များကွန်ဗင်းရှင်း အပိုဒ်ခွဲ ၁ ကို ချိုးဖောက်လျက် သက်သေများကို ဖျောက်ဖျက်ရန် ရောဂါဖြစ်ပွားစေသောပစ္စည်းများအား အရေးပေါ် ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနအရ သိရသည်။

ထို့ပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အမေရိကန်နိုင်ငံအား ယူကရိန်းနိုင်ငံ၌ ၎င်းတို့၏ ဇီဝဓာတ်ခွဲခန်းများအကြောင်း အသေးစိတ်ကို ထုတ်ပြန်ရန်နှင့် ယင်းဓာတ်ခွဲခန်းများ ဘေးကင်းစိတ်ချမှုရှိစေရန် ဆက်စပ်အဖွဲ့အစည်းမျာအား မတ် ၈ ရက်က တိုက်တွန်းခဲ့ကြောင်း သိရသည်။

“တကယ်တော့ ဓာတ်ခွဲခန်းတွေအကြောင်းကို အကောင်းဆုံးသိထားတဲ့ အမေရိကန်က ဆက်စပ်တဲ့အသေးစိတ် သတင်းအချက်အလက်တွေ ထုတ်ပြန်သင့်ပါတယ်။ ဘယ်လိုဗိုင်းရပ်စ်တွေကို သိမ်းဆည်းထားသလဲဆိုတာနဲ့ သုတေသနတွေကို ဘယ်လိုလုပ်ဆောင်ထားလဲဆိုတာတွေ အပါအဝင်ပေါ့” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံရှိ အမေရိကန် ဇီဝ-စစ်ဘက်ဆိုင်ရာလှုပ်ရှားမှုများသည် “ပြဿနာကိုကြီးထွားစေခြင်းသာ” ဖြစ်ကြောင်း ကျောက်က ဆိုသည်။ အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနသည် အမျိုးမျိုးသော အမည်များအောက်တွင် ဇီဝဓာတ်ခွဲခန်းပေါင်း ၃၃၆ ခုအား နိုင်ပေါင်း ၃၀ ၌ ထိန်းချုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

——————————

(English Version)

Kiev destroyed deadly samples from U.S.-funded biowarfare labs: Russia
Source: Xinhua| 2022-03-09 10:31:45|Editor: huaxia

MOSCOW, March 8 (Xinhua) — The Russian Foreign Ministry confirmed on Tuesday that authorities in Kiev destroyed dangerous pathogens of deadly diseases stored in U.S.-funded laboratories in the country.
The ministry received documentation from employees at Ukrainian biological laboratories confirming the urgent destruction of dangerous pathogens such as plague, anthrax, tularemia, cholera and other deadly diseases on Feb. 24, according to a statement made by Russian Foreign Ministry Spokesperson Maria Zakharova.
She added that these laboratories were funded by the U.S. Department of Defense and were part of a biological weapons program.
According to the foreign ministry, the pathogens were immediately destroyed to hide evidence pointing to the United States and Ukraine violating Article I of the United Nations Biological Weapons Convention.
Also on Tuesday, the Chinese Foreign Ministry called on the United States to release details of its biological laboratories in Ukraine and urged relevant parties to ensure their safety.
“In particular, the United States, as the party that knows the laboratories best, should release relevant specific information as soon as possible, including what viruses are stored and the research that has been carried out,” Spokesperson Zhao Lijian said at a daily press briefing.
U.S. bio-military activities in Ukraine are only “the tip of the iceberg,” Zhao said. Under various names, the U.S. Department of Defense controls 336 biological laboratories in 30 countries. ■

Photo : Photo taken on Feb. 27, 2022 shows smoke rising in the sky in Kiev, Ukraine. (Xinhua/Lu Jinbo)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.