Connect with us

China

ရှန်ကျိုး-၁၇ မစ်ရှစ်၏ တရုတ်အာကာသယာဉ်မှူးများကို လိုက်ပါပို့ဆောင်ခြင်း အခမ်းအနားပြုလုပ်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာတွင် အာကာသယာဉ်မှူးများ လိုက်ပါပို့ဆောင်ခြင်းအခမ်းအနား တက်ရောက်လာသော ထန်းဟုန်ပေါ (ယာ) ၊ ထန်စိန့်ကျယ် (အလယ်) ၊ ကျန်းရှင်းလျင်တို့ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျိုချွမ်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

ရှန်ကျိုး-၁၇ လူလိုက်ပါသောအာကာသမစ်ရှင်အတွက် တရုတ်အာကာသယာဉ်မှူး ၃ ဦးအား လိုက်ပါပို့ဆောင်ခြင်း အခမ်းအနားကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာတွင် အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း China Manned Space Agency အရ သိရသည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာတွင် အာကာသယာဉ်မှူးများ လိုက်ပါပို့ဆောင်ခြင်းအခမ်းအနား တက်ရောက်လာသော ထန်းဟုန်ပေါ (အလယ်) ၊ ထန်စိန့်ကျယ် (ယာ) ၊ ကျန်းရှင်းလျင်တို့ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ လူလိုက်ပါနိုင်သောအာကာသအစီအစဉ် အကြီးအကဲ ရွှီရွှယ်ချန်၏ ကွပ်ကဲမှုဖြင့် အာကာသယာဉ်မှူးများဖြစ်သော ထန်းဟုန်ပေါ၊ ထန်စိန့်ကျယ်၊ ကျန်းရှင်းလျင်တို့သည် ပေကျင်းစံတော်ချိန် နံနက် ၈:၂၆ နာရီက ထွက်ခွာသွားခဲ့သည်။

ရှန်ကျိုး-၁၆ အာကာသယာဉ်မှူးများမှာ တရုတ်နိုင်ငံ၏ အာကာသစခန်းအတွင်းနေထိုင်ခဲ့သည်မှာ အောက်တိုဘာ ၂၆ ရက်အထိ အချိန် ၅ လနီးပါးကြာမြင့်နေပြီဖြစ်ကာ ရှန်ကျိုး-၁၇ အာကာသယာဉ်မှူးများ ရောက်ရှိလာခြင်းအတွက် ပြင်ဆင်လျက်ရှိသည်။

ရှန်ကျိုး-၁၇ အာကာယာဉ်ကို အောက်တိုဘာ ၂၆ ရက် ပေကျင်းစံတော်ချိန် နံနက် ၁၁:၁၄ နာရီ၌ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
See-off ceremony held for Chinese astronauts of Shenzhou-17 mission
JIUQUAN, Oct. 26 (Xinhua) — A see-off ceremony for three Chinese astronauts of the Shenzhou-17 crewed space mission was held on Thursday morning at the Jiuquan Satellite Launch Center in northwest China, according to the China Manned Space Agency.
At the command of Xu Xueqiang, commander-in-chief of China’s manned space program, astronauts Tang Hongbo, Tang Shengjie, and Jiang Xinlin set off at 8:26 a.m. (Beijing Time).
As of Thursday, the Shenzhou-16 crew has stayed in the country’s space station for nearly five months, and is preparing for the arrival of the Shenzhou-17 crew.
The Shenzhou-17 spaceship is scheduled to be launched at 11:14 a.m. Thursday (Beijing Time) from the Jiuquan Satellite Launch Center.
Photo 1: Chinese astronauts Tang Hongbo (R), Tang Shengjie (C) and Jiang Xinlin attend a see-off ceremony at the Jiuquan Satellite Launch Center in northwest China on Oct. 26, 2023. (Xinhua/Li Gang)
Photo 2: Chinese astronauts Tang Hongbo (C), Tang Shengjie (R) and Jiang Xinlin attend a see-off ceremony at the Jiuquan Satellite Launch Center in northwest China on Oct. 26, 2023. (Xinhua/Li Gang)