Connect with us

China

တရုတ်နိုင်ငံ စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ် ရောင်းအား၂၀၂၃ ခုနှစ်၊ ပထမနှစ်ဝက်တွင် ၄၄.၁ ရာခိုင်နှုန်းတိုးတက်လာ

ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ် (NEV) ရောင်းချမှုမှာ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် အစီးရေ ၃.၇၅သန်းနီးပါးအထိ တိုးလာခဲ့ပြီး၊ ယမန်နှစ် ကာလတူကထက် ၄၄.၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း တရုတ်မော်တော်ယာဉ်ထုတ်လုပ်သူများအသင်း၏ ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

ဇွန်လတွင် NEV ရောင်းအားမှာ အစီးရေ ၈၀၆,၀၀၀ ရှိခဲ့ပြီး ယမန်နှစ်အလားတူကာလကထက် ၃၅.၂ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် NEVs စုစုပေါင်းထုတ်လုပ်မှုမှာ ပထမခြောက်လအတွင်းအစီးရေ ၃.၇၉ သန်းနီးပါးရှိပြီး ယမန်နှစ်ကာလတူထက် ၄၂.၄ ရာခိုင်နှုန်း တိုးလာကြောင်း ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။ (Xinhua)

………………………………………………..

(English Version)

China’s NEV sales surge 44.1 pct in H1
BEIJING, July 11 (Xinhua) — China’s new energy vehicle (NEV) sales surged 44.1 percent year on year to nearly 3.75 million units in the first half of 2023, data from the China Association of Automobile Manufacturers showed Tuesday.
NEV sales in June stood at 806,000 units, increasing 35.2 percent from a year ago.
The output of NEVs in the country totaled nearly 3.79 million units in the first six months, expanding 42.4 percent year on year, the data revealed. ■